စစ်ကိုင်း ဇန်နဝါရီ ၂၆
စစ်ကိုင်းပညာရေးတက္ကသိုလ်တွင် စီမံ၊ ဘဏ္ဍာ၊ သင်တန်း၊ စာပေးစာယူ၊ အင်ဂျင်နီယာ ဌာနနှင့် စာကြည့်တိုက် တို့မှ အမှုထမ်းများအား မိမိတို့၏လုပ်ငန်းတာဝန်များ ကျေပွန်စွာထမ်း ဆောင်နိုင်ရန် မွန်းမံသင်တန်းဖွင့်ပွဲကို ယမန်နေ့ နံနက်(၈)နာရီက အဆိုပါတက္ကသိုလ်ရှိ Theatre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
သင်တန်းဖွင့်ပွဲတွင် စစ်ကိုင်းပညာရေးတက္ကသိုလ် တာဝန်ခံပါမောက္ခချုပ်ဒေါက်တာ မြတ်မြတ်သော်က မွန်းမံသင်တန်းဖွင့်လှစ်ရခြင်းမှာ လုပ်ငန်းစွမ်းဆောင်ရည်မြှင့်မားစေရန် ရည်ရွယ်ကြောင်း၊ အရေးကြီးစာများ ပျောက်ဆုံး/ ပေါက်ကြားမှုမရှိစေရေး၊ လုံခြုံစွာထိန်း’သိမ်းနိုင်ရေး၊ ဦးစားပေးအဆင့်အတန်း ပ/မပါ သိရှိရန်လိုအပ်ကြောင်း စသည်တို့ကို အဓိကထား သင်ကြားပေးသွားမှာဖြစ်ကြောင်း စသည်ဖြင့် ပြောကြားခဲ့ပြီး ဒုတိယ ပါမောက္ခချုပ်များနှင့် တာဝန်ဝန်ရှိသူ ဌာနမှူး/ဌာနခွဲမှူးတို့က သင်တန်းသားများ လိုက်နာရမည့် စည်းကမ်းချက်များကို ရှင်းလင်းပြောကြား ပေးခဲ့ကြသည်။
အဆိုပါမွန်းမံသင်တန်းကို ဇန်နဝါရီ(၂၅)ရက်မှ (၂၇)ရက်နေ့အထိ (၃)ရက်ကြာသင် တန်းပို့ချပေး သွားမည် ဖြစ်ကြောင်း သိရသည်။
ဇော်မြင့်နိုင်