စမ်းချောင်းမြို့နယ်တွင် အသက်(၁၈)နှစ်နှင့်အထက်၊ ရပ်ကွက်နေပြည်သူများနှင့် ရဟန်း သံဃာများအား ကိုဗစ် -၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံ

စမ်းချောင်း ဇန်နဝါရီ ၂

ရန်ကုန်အနောက်ပိုင်းခရိုင်း၊ စမ်းချောင်း​မြို့နယ်၊ မုန့်လုပ်​ဆောင်းကုန်း/တောင်ရပ်ကွက်၊ ဟံသာဝတီလမ်းရှိ အထက( ၁ ) ကျောင်း၀င်းအတွင်း တွင် ယမန်နေ့နံနက် (၉:၀၀) နာရီအချိန်က ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ၁၃ ရက်မြောက်နေ့ ဒုတိယအကြိမ် (phase6)ကာကွယ်ဆေး ထိုးနှံသူစုစုပေါင်း(၂၂၁)ဦးအား ထိုးနှံပေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းများ ဆောင်ရွက်ရာတွင် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ကာကွယ်ဆေးထိုးနှံသူများအား ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ ကျန်းမာရေး စစ်ဆေးပေးခြင်းများ ဆောင်ရွက်ပြီးမှသာ ထိုးနှံပေးခဲ့ကြောင်းသိရှိရပါသည်။ ကာကွယ်ဆေးထိုးနှံရာနေရာတွင် မလိုလားအပ်သော ပြဿနာ တစ်စုံတစ်ရာ မရှိစေရေးအတွက် စမ်းချောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးဘဝင်းနှင့် တာဝန်ရှိသူများက  ကြီးကြပ်၍ မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာမိမိခိုင်နှင့် ဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင် သာယာရေးဝန်ထမ်းများ၊ စေတနာရှင်    Volunteer များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ဆေးထိုးလာသူ မိဘပြည်သူများအား ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

ချစ်သဲ   (ပြန်/ဆက်)