ပြင်စလူ ဇန်နဝါရီလ ၂၆
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ ပြင်စလူမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့ပူးပေါင်း၍ ယနေ့ နံနက်(၉) နာရီအချိန်ကစိုက်ပျိုးရေးဆိုင်ရာ အသိပညာပေး Talk Show ကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေး Talk Show တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးမှူး ဦးဇော်ဝင်းထွန်းက ကိုဗစ်-၁၉ ရောဂါကူးစက်နေမှုကာလအတွင်း On line မှတစ်ဆင့် ပြည်သူလူထုအား အသိပညာပေးဆောင်ရွက်ပေးများကို ပြောကြားဆွေးနွေးပြီး၊ ပြင်စလူမြို့ ၊စိုက်ပျိုးရေးဦးစီးဌာနမှလက်ထောက် ဦးစီးမှူး ဦးဇင်အောင်စိုးက စိုက်ပျိုးရေးဦးစီးဌာနကဆောင်ရွက်နေမှုများဖြစ်သည့်လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးပြောင်းလဲမှု(၅)ရပ်၊ လယ်ယာလုပ်ကိုင်သူများနည်းပညာအပေါ်လိုက်နာကျင့်သုံးရန်လိုအပ်ချက်(၆)ချက်၊ပြုပြင်ပြောင်းလဲရမည့်ကဏ္ဍ(၄)ရပ်၊ ရရှိနိုင်မည့်အကျိုးကျေးဇူးများ၊စပါးမျိုးရွေးချယ်ခြင်း၊မြေပြုပြင်ခြင်း၊မျိုးစေ့ချခြင်း၊မြေသြဇာကျွေးခြင်း၊ရေသွင်းရေထုတ်ပြုလုပ်ခြင်း၊ရောဂါကာကွယ်နှိမ်နင်းခြင်းအစရှိသည့် နည်းပညာများကို ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန်အသိပညာပေးဆွေးနွေးခဲ့ကြောင်းသိရသည်။