မရမ်းကုန်းမြို့နယ်၌ Mobile ​စျေးကားများဖြင့် ပြည်သူများအတွက်စားသုံးကုန်များ ​စျေးနှုန်းချိုသာစွာ​ရောင်းချ​ ပေးလျက်ရှိ

မရမ်းကုန်း ဇန်နဝါရီ   ၂၆

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ်၌ မြန်မာနိုင်ငံ ဆန်စပါးအသင်း၏ စီစဉ်မှုဖြင့် ပြည်သူများဈေးနှုန်းချိုသာစွာ ဝယ်ယူစားသုံးနိုင်ရန်အတွက် ယမန်နေ့ နံနက် (၈)နာရီ အချိန်က အမှတ်()ရပ်ကွက်၊ ဘူတာရုံလမ်းတွင် Mobile​စျေးကား များဖြင့် ​စားသုံးကုန်များ လာ​​ရောက်ရောင်းချ​ပေးလျက်ရှိသည်။

အဆိုပါ​ ရောင်းချသည့် စား​သုံးကုန်များမှာဆန်၊ ဆီ၊ အမဲသား နှင့်ဆိတ်သားများဖြစ်ပြီး လျက်ရှိပြီး ဈေးရောင်းချရာတွင် မြို့နယ်အ​​ထွေ​ထွေ အုပ်ချုပ်​ရေးဦးစီးဌာန၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့များနှင့် သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်​ရေးမှူးများမှ ပူးပေါင်း၍ ပြည်သူများ အဆင်ပြေစွာ ဝယ်ယူနိုင်ရေး ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

​အေး​အေး​အောင်(ပြန်/ဆက်)