(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် ရခိုင်ပြည်နယ်တွင်း ဖိတ်ခေါ် ဂေါက်သီးရိုက်ပြိုင်ပွဲ ငပလီဂေါက်ကွင်း၌ စည်ကားသိုက်မြိုက်စွာကျင်းပမည်

သံတွဲ ဇန်နဝါရီ  ၂၆

(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် ရခိုင်ပြည်နယ်တွင်း ဖိတ်ခေါ် ဂေါက်သီးရိုက်ပြိုင်ပွဲကို ဇန်နဝါရီ ၂၉ ရက်နေ့တွင် သံတွဲမြို့ ငပလီဂေါက်ကွင်းတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲကို ရခိုင်ပြည်နယ်အတွင်းရှိ ဂေါက်အားကစားသမားများအားလုံး ဝင်ရောက ယှဉ်ပြိုင်နိုင်ပြီး အသက်(၅၅)နှစ်အထက် ပထမ၊ ဒုတိယ၊ တတိယဆု ၊ H/ C 0-12 ၊ H/ C 013-18  ၊  H/ C 0-19-24 ပြိုင်ပွဲ ပထမ၊ ဒုတိယ၊တတိယဆုနှင့် ပါအများဆုံးဆု၊ ဘာဒီအများဆုံးဆု၊ ကျင်းနှင့်အနီးဆုံးဆု၊ အဝေးဆုံးရိုက်ချက်ဆု၊ လိုင်းနှင့်အနီးဆုံးဆု ကျင်းပုန်းဆု၊ အကောင်းဆုံး ယှဉ်ပြိုင်သူဆုများအပြင် Eagleဆု များကို ထိုက်ထိုက်တန်တန် ချီးမြှင့်ပေးသွားမည်ဖြစ်ကာ System(36)ဖြင့်ကစားသွားမည်ဖြစ်ပြီး  Hole in One ဝင်ခဲ့ပါက ဆုငွေ (၂၁)သိန်းတိတိကို ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း ပြိုင်ပွဲကျင်းပရေး ကော်မတီ ဦးထွန်းသန့်ကျော်ထံမှ သိရသည်။

ခရိုင်(ပြန်/ဆက်)