ရန်ကုန်မြို့၌ ပထမဦးဆုံး တည်ဆောက်သည့် ရေဂါလံတစ်သိန်းဆံ့ရေစုကန် ၁၀၀ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီး

ကျောက်တံတား ဇန်နဝါရီ ၂

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကျောက်တံတားမြို့နယ်တွင် ပထမဦး ဆုံး ရေဂါလံတစ်သိန်းဆံ့ ရေစုကန်ကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန (ရေစီးရေလာစီမံခန့်ခွဲမှု)မှ (၂၁-၁၁-၂၀၂၁)ရက်နေ့က စတင်၍ ရန်ကုန် မြို့တော်ခန်းမအတွင်း၌ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ ရေဂါလံတစ်သိန်းဆံ့ရေစုကန်မှာ အလျားပေ ၇၀၊ အနံ ၃၃ ပေနှင့် အမြင့် ပေရှိကာ မိုးတွင်းကာလမိုးရေများ သိုလှောင်နိုင်ရန်အတွက် တည်ဆောက်နေခြင်းဖြစ်ပြီး မိုးတွင်း ကာလ ရေကြီး၊ ရေလျှံမှုများ မဖြစ်ပေါ်စေရေးအတွက် ရန်ကုန်မြစ်အတွင်းရေများ စီးဆင်း နိုင်ရန် ရေထိန်းတံခါးသုံးခု ဆောင်ရွက်ထားပြီး ယခုအခါ ရေစုကန်တည်ဆောက်မှု ၁၀၀ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ မြို့တော်ဝန် ဦးဗိုလ်ဌေးနှင့် တာဝန်ရှိသူများမှ ယနေ့နံနက်တွင် ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ ကြောင်း သတင်းရရှိသည်။

မြို့နယ်(ပြန်/ဆက်)