မြောင်းမြတွင် ဆောင်းသီးနှံစိုက်ပျိုးစရိတ်များ ထုတ်ချေးပေးလျက်ရှိ

မြောင်းမြ  ဇန်နဝါရီ  ၂၆

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင် လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်အတွက် ဆောင်းသီးနှံစိုက်ပျိုးစရိတ်ချေးငွေများကို ယနေ့နံနက်(၁၀)နာရီတွင် ဆက်လက်ထုတ်ချေးပေးလျက်ရှိကြောင်း သိရပါသည်။

ဆောင်းသီးနှံစိုက်ပျိုးသူ တောင်သူများအား စိုက်ပျိုးစရိတ်ချေးငွေအနေဖြင့် တစ်ဧကလျှင် ၁၅၀၀၀၀ နှုန်း ထုတ်ပေးလျက်ရှိပြီး ယနေ့တွင် မြောင်းမြမြို့နယ်အတွင်းရှိ၊ ငှက်ပျောတော၊ လပွတ်ကုလား၊ ပြင်ရွာနှင့် ဓနုံးချောင်ကျေးရွာများမှ တောင်သူများအား ထုတ်ချေးပေးသွား မည်ဖြစ် ကြောင်းသိရပါသည်။

၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်အတွက် ဆောင်းသီးနှံစရိတ်ထုတ်ချေးရန် လျာထားငွေမှာ ငွေကျပ် သိန်း(၁၃၀၀၀) ရှိကြောင်း၊ ချေးငွေထုတ်ချေးခြင်းကို ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ(၁) ရက်နေ့မှ စတင်ထုတ်ချေးပေးလျက်ရှိရာ ယနေ့အထိ ကျေးရွာ(၂၉)ရွာရှိ တောင်သူ(၁၃၁၉) ဦး ပိုင်ဆိုင် သည့်ဧက (၇၈၈၈) အတွက်ငွေကျပ် သိန်း (၁၁၈၃၂) ထုတ်ချေးပြီးဖြစ်ကြောင်း၊ ကျန်ရှိသော ကျေးရွာများကိုလည်း ယခုလအတွင်း အပြီးထုတ်ချေးသွာမည် ဖြစ်ကြောင်းမြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်မှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရသိရသည်။

စန္ဒာကြည်