ညောင်တုန်းမြို့နယ်တွင် အထူးဈေးနှုန်းဖြင့် စားသုံးဆီလက်လီရောင်းချနေမှုအား ကြည့်ရှုစစ်ဆေး

ညောင်တုန်း   ဇန်နဝါရီ   ၂၆

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ရောင်းချပေးသည့် အမေရိကန်ဒေါ်လာဖြင့် ပြည်ပမှတင်သွင်းသော စားအုန်းဆီများအပေါ် သက်သာသောဈေးနှုန်းဖြင့် ပြည်သူများသို့ရောင်းချရန် တိုင်းဒေသကြီးဆီကုန်သည်နှင့် ဆီလုပ် ငန်းရှင်များအသင်း(ယာယီ)၏ အစီအစဉ်ဖြင့် စားသုံးဆီလက်လီရောင်းချနေမှုအား စစ်ဆေးခြင်းကို ယနေ့နံနက် ၉ နာရီက ကွင်းဆင်းဆောင် ရွက်ခဲ့သည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးနှင့်အဖွဲ့ဝင်များ၊ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်လွင်၊ မီးသတ်ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမျိုးမင်းသူ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နီလာဦး၊ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း(ယာယီ) တွဲဖက်အတွင်းရေးမှူးတို့ပါဝင်သောအဖွဲ့မှ ညောင်တုန်းမြို့နယ်အတွင်းရှိ စားဆီအရောင်း ဆိုင်(၅)ဆိုင်တွင် စားအုန်းဆီတစ်ပိသာလျှင် (၄၄၅၀)ကျပ်နှုန်း (အထူးဈေးနှုန်း)ဖြင့် လက်လီဖြန့်ဖြူးရောင်းချပေးနေမှုများအား ကွင်းဆင်း စစ် ဆေးခဲ့ကြောင်းသိရသည်။

မြို့နယ်(ပြန်ဆက်)