ဘုတ်ပြင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများတွင် ပူးပေါင်းခဲ့သူများအား ဂုဏ်ပြုချီးမြှင့်ငွေ ပေးအပ်

ဘုတ်ပြင်း   ဇန်နဝါရီ   ၂၆  

တနင်္သာရီတိုင်းဒေသကြီး  ကော့သောင်းခရိုင် ဘုတ်ပြင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့သော ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ပရဟိတအဖွဲ့များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုချီးမြှင့်ငွေပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့ညနေ ၆ နာရီက ပုလဲရွှေရည်ခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။

အခမ်းအနားတွင် ဘုတ်ပြင်းမြို့နယ်  အမှတ်(၁၃)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၊ တပ်နယ်မှူး ဒုတိယ ဗိုလ်မှူးကြီး သော်ဇင်နိုင်က အဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ဦးအောင်ဝင်းက ဂုဏ်ပြု ချီးမြှင့်ငွေ ပေးအပ်ရခြင်းရပတ်သက်၍ မြို့နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းတွင် ၂၀၂၁ ခုနစ် ဒီဇင်ဘာလအထိ မြို့နေလူဦးရေ၏ (၅၀)ရာခိုင်းနှုန်းကျော်ထိုးနှံပြီးသည့်အတွက် တနင်္သာရီ တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ချီးမြှင့်ပေးအပ်ခြင်း ဖြစ်ကြောင်းနှင့် ဆေးထိုးနှံခြင်း လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ခဲ့သည့်အတွက် ကျေးဇူးတင်ရှိ ကြောင်းပြောကြားသည်။

ဆက်လက်၍ ထောက်ပံ့ငွေများရရှိသည့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ပရဟိတအဖွဲ့များ၊ မီးသတ် တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များအား တာဝန်ရှိသူများက ဂုဏ်ပြုချီးမြှင့်ငွေများ အသီးသီး ပေးအပ်ခဲ့ပြီး     ဂုဏ်ပြုချီးမြှင့်ငွေရရှိသူများ အားလုံး၏ကိုယ်စား မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှ တပ်ဖွဲ့မှူး ဦးစိုးဝင်းပိုင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

အခမ်းအနားသို့  အမှတ်(၁၃)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၊တပ်နယ်မှူး ဒုတိယဗိုလ်မှူးကြီး သော်ဇင်နိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဝင်းနှင့်အဖွဲ့ဝင်များ၊ ဌာဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ပရဟိတအဖွဲ့ဝင်များ တက်ရောက်ကြသည်။ အခမ်းအနားအပြီးတွင် တက်ရောက်လာကြသူများအား ညစာဖြင့် ဧည့်ခံကျွေးမွေး ခဲ့ကြကြောင်းသိရှိသည်။       

မြို့နယ်( ပြန်/ဆက်)