မြောက်ဥက္ကလာပမြို့နယ်တွင် ယာဉ်အန္တရာယ် ကင်းရှင်းရေးစစ်ဆေးဆောင်ရွက်

မြောက်ဥက္ကလာပ ဇန်နဝါရီ ၂၆

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊မြောက်ဥက္ကလာပမြို့နယ်တွင် ပြည်သူများအား ယာဉ်တိုက်မှုအန္တရာယ်မှ ကင်းရှင်းစေရေး၊ ယာဉ်စည်းကမ်းလမ်းစည်းကမ်း လိုက်နာစေရေးအတွက် ယနေ့နံနက်  (၉) နာရီက၊ ရွှေပေါက်ကံတံတားထိပ်တွင် ယာဉ်စစ်ဆေးခြင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် တပ်ရင်း (၁၃)မှ ဒုတိယဗိုလ်မှုးကြီး ကျော်ဖုန်းနိုင် ဦးစီးသော တပ်ဖွဲ့ဝင်  (၁၈) ဦး၊ ရဲတပ်ဖွဲ့ ( ၉)မှ ဒုရဲအုပ် စည်သူဟိန်း ဦးစီး‌သော တပ်ဖွဲ့ဝင် (၄)ဦး၊ တပ်စု (၃၅)မှ တပ်ကြပ်ကြီး ထိန်လင်းအပါအဝင် (၅)ဦး၊ မြို့နယ်ယာဉ်ထိန်းတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ၊ ရွှေပေါက်ကံမြို့သစ် (၂၂)ရပ်ကွက်မှ အုပ်ချုပ်ရေးမှူး ဦးအောင်မိုးနှင့် အဖွဲ့ဝင်များက ပူးပေါင်း၍  ခရီးသွားပြည်သူများ ယာဉ်အန္တရာယ် ကင်းရှင်းစေရေးနှင့် ယာဉ်လမ်းရှင်းလင်းစေရေးအတွက် နေ့စဉ်ဆောင်ရွက်ပေးလျက်ရှိပြီး မြောက်ဥက္ကလာပ အဝိုင်းမှတ်တိုင်တွင်လည်း ယာဉ်ထိန်း တပ်ဖွဲ့ဝင်များက ယာဉ်လမ်းကြောင်း ရှင်းလင်းစေရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်၊၊

မြမြဝင်း