အမြို့မြို့အနယ်နယ်သတင်းများ

Jan 26,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊Community Centre ခန်းမတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်တားဆီး ရေးအသိပညာဗဟုသုတ ရရှိစေရန်ရည်ရွယ်၍ ယနေ့နံနက်(၉)နာရီခွဲအချိန်က မိုင်းခတ်မြို့နယ် မီးသတ်ဦးစီးဌာနနှင့် ပူးပေါင်းကာ မီးဘေးအန္တရာယ်အသိပညာပေး Online Talk Show အစီအစဉ်အား ရိုက်ကူးထုတ်လွှင့်ခဲ့သည်။
Jan 26,2022
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ထန်းတပင်မြို့နယ် မဲဘလန်ကျေးရွာအုပ်စု သရက်ပင်ကြီးကျေးရွာတွင် စက်ရေတွင်းတူးဖော်ခြင်းလုပ်ငန်းနှင့်‌ ရေစက်ရုံဂါလံ(၂၀၀၀)ဆံ့ ရေကန်တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်‌နေမှုကို မြို့နယ်‌ကျေးလက်ဒေသဖွံ့ဖြိုတိုးတက်ရေးဦးစီးဌာန မြို့နယ် ဦးစီးမှူး ဦးကျော်မျိုးအောင်နှင့် တာ၀န် ရှိသူများက ယမန်နေ့က သွားရောက်ကြည့်ရှုခဲ့ကြောင်း‌သိရသည်။
Jan 26,2022
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ဘူးသီးတောင်မြို့၌ ၂၀၂၂ ခုနှစ်၊ ဘူးသီးတောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်ဆောင်ရွက်မှုဖြင့် ဆောင်းရာသီဖိတ်ခေါ်ဖလား အလွတ်တန်း အမျိုးသား ဘော်လီဘောပြိုင်ပွဲနှင့် အမျိုးသမီး ထုတ်စီးထိုးပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားကို ယမ နေ့ညနေပိုင်းကဘူးသီးတောင်မြို့ မြို့မအားကစားခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Jan 26,2022
ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် ကျရောက်မည့် (၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ကို ကြိုဆိုသောအားဖြင့် မွန်ပြည်နယ် မော်လမြိုင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Center)ခန်းမတွင် ယမန်နေ့ မွန်းလွဲ ၃ နာရီက စာအုပ်၊ စာစောင်များ ခင်းကျင်းပြသပေးခဲ့ရာ အားကစားနှင့် ကာယပညာသိပ္ပံ (မော်လမြိုင်)မှ သင်တန်းသူများ လာရောက် ဖတ်ရှုကြကြောင်း သိရသည်။
Jan 26,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ်တွင် ဒေသခံတိုင်းရင်းသား ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကူးဆက်ပြန့်ပွားမှု လျော့နည်းကျဆင်းစေရန်နှင့် ရောဂါဖြစ် ပွားမှုအား တာဆီးကာကွယ်နိုင် စေရန်အတွက် မိုင်းလွေကျေးရွာအုပ်စု နတ်မုတ်ကျေိးရွာသို့ RDT Tesk Kit ဖြင့် ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိကို ယမန်နေ့နံနက်ပိုင်းက ကျန်းမာရေးဝန်ထမ်းများက အခမဲ့စစ်ဆေးပေးခဲ့ရှိရာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ အတည်ပြုလူနာ(၂)ဦး ထပ်မံစစ်ဆေးတွေ့ ရှိခဲ့ကြောင်း မြို့နယ်ကုသရေးဦးစီးဌာနမှ သိရသည်။
Jan 26,2022
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယနေ့နံနက် ၁၀ နာရီက ကိုယ်လက်လှုပ်ရှားအားကစား အစီအစဉ်အဖြစ် ( Fitness Dance ) အကများကို အွန်လိုင်းမှ ထုတ်လွှင့်ရန် ရိုက်ကူးခဲ့ပသည်။
Jan 26,2022
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အကြိုအထိမ်းအမှတ် ကျပန်းစကားပြောပြိုင်ပွဲကို ယမန်နေ့ မွန်းလွဲ(၁)နာရီ အချိန်မှစတင်၍ ဗိုလ်ချုပ် အထိမ်းအမှတ် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။