မိုင်းယုမြို့၌ ဗီဇပြောင်း အိုမီခရွန်(Omicron) ကိုဗစ်-၁၉ ရောဂါပိုး ကြိုတင်ကာကွယ်ရေး ရှမ်းဘာသာဖြင့် အသိပညာပေးနှိုးဆော်

မိုင်းယု ဇန်နဝါရီ ၂၆

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်၊ မိုင်းယုမြို့၌ ကိုဗစ်-၁၉ ကူးစက်ရောဂါနှင့် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ Omicron (အိုမီခရွန်) ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိရောက်စွာ ကာကွယ်နိုင်ရန်အတွက် ရှမ်းဘာသာဖြင့် အသိပညာပေး နှိုးဆော်ခြင်းကို ယနေ့နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်များ၌ လှည့်လည်နှိုးဆော်ခဲ့သည်။

ယင်းသို့ လှည့်လည်နှိုးဆော်ခြင်းကို ထွေ/အုပ်၊ ကျန်းမာရေး၊ ပြန်/ဆက်၊ ရဲတပ်ဖွဲ့၊ စည်ပင်၊ မီးသတ်နှင့် သက်ဆိုင်ရာ ရပ်/ကျေးစာရေးများပါဝင်၍ ပြည်သူများအနေဖြင့် တတ်နိုင်သမျှ မိမိနေအိမ်တွင်းသာ နေထိုင်ရန်၊ နေအိမ်ပြင်ပသို့ ထွက်ပါက နှာခေါင်းစည်းများ စနစ်တကျ တပ်ဆင်သွားလာကြရန်၊ စက္ကန့်(၂၀)ကြာ လက်ကိုမကြာဏ ဆေးကြောရန်၊ အပြင်ထွက်ရာမှ ပြန်လာတိုင်း နှာခေါင်းစည်း (Mask)များကို အိမ်အပြင်တွင် စနစ်တကျ စွန့်ပစ်ရန်နှင့် ဗီဇပြောင်း အိုမီခရွန်၏ ကွဲပြားခြားနားမှုများ၊ ထူးခြားချက်များနှင့် ကြုတင်ကာကွယ်ရေး လိုက်နာရမည့် အချက်တို့ကို ရှမ်းနှင့်မြန်မာ နှစ်ဘာသာဖြင့် လှည့်လည်အသိပေး နှိုးဆော်ခဲ့ကြကြောင်း သိရသည်။ 

မိုင်းယုမြို့တွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးအတွက် ပြည်သူများအား အသိပညာပေးရေးလုပ်ငန်းများကို သက်ဆိုင်ရာဌာနများ ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် နှာခေါင်းစည်း တပ်ဆင်ရေး(Mask Campaign)ပြုလုပ်ခြင်း၊ ဈေးဆိုင်နှင့် စားသောက်ဆိုင်များအား စစ်ဆေးခြင်းနှင့် အသိပညာပေး နှိုးဆော်ခြင်းများကို အရှိန်အဟုန်ဖြင့် ပူးပေါင်းဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ကိုကိုနိုင်(မိုင်းယု)