မြစ်သားမြို့၌ (၇၅)နှစ်မြောက်စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ် မြို့နယ်အဆင့်ကျောင်းပေါင်းစုံ အထက်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲကျင်းပ

မြစ်သား    ဇန်နဝါရီ   ၂၆

မန္တလေးတိုင်းဒေသကြီး မြစ်သားမြို့နယ် ပညာရေးမှူးရုံးအစည်းအဝေးခန်းမတွင် ယမန်နေ့နံနက်(၉)နာရီက (၇၅)နှစ်မြောက်စိန်ရတု ပြည်ထောင်စုနေ့ အထိမ်း အမှတ် မြို့နယ်အဆင့် ကျောင်းပေါင်းစုံအထက် တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲကျင်းပခဲ့ကြောင်း သိရသည်။

ထိုသို့ ပြိုင်ပွဲကျင်းပရာတွင်   မြစ်သားမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေး မှူးဦးအေးခိုင်က အဖွင့်အမှာစကားပြောကြားခြင်း၊  မြို့နယ်ပညာရေးမှူး ဒေါ်မြင့်မြင့်သိန်းက (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့အထိမ်းအမှတ်ပြိုင်ပွဲများ ကျင်းပရခြင်းရည်ရွယ်ချက်များ ရှင်းလင်းပြောကြားပြီးနောက်  ကျပန်းစကားပြောပြိုင်ပွဲကို ဆက်လက်ကျင်းပခဲ့ရာ "နိုင်ငံတစ်နိုင်ငံ တည်ဆောက်ရေးတွင်  ပြည်ထောင်စု စိတ်ဓာတ်သည် မရှိမဖြစ်လိုအပ်သည်၊ ပင်မအရင်းအမြစ် အသက်သွေး ကြောကြီးဖြစ်သည်"ခေါင်းစဉ်ဖြင့်လည်းကောင်း၊ "စည်းလုံးခြင်းကိုအခြေတည် ပြည်ထောင်စုဖွား သွေးချင်းများ သွေးစည်းချစ်ကြည်လက်တွဲညီကြမည်" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ "စိန်ရတုမှသည် ရတုအဆက်ဆက်ဆီသို့ ပြည်ထောင်စုအမွေကို ထိန်းသိမ်းကြပါစို့" စသည့် ခေါင်းစဉ်တို့ဖြင့် အခြေခံပညာအထက်တန်းအဆင့် ကျောင်းသား/သူ(၇)ဦးဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြရာ ပြိင်ပွဲတွင် ဆုရရှိသူများအား တာဝန်ရှိသူများက ဆုများ ပေးအပ်ခဲ့ကြသည်။

အဆိုပါပြိုင်ပွဲမှပထမဆုရရှိသူအား ဇန်နဝါရီ (၂၈)ရက်နေ့တွင် ခရိုင်အဆင့်သို့ ဆက်လက်ယှဉ်ပြိုင် သွားရမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံး ဒုတိယမြို့နယ်ပညာရေးမှူး ဦးကျော်ဟန်ထံမှ သိရသည်။

သီတာအောင် (မြစ်သား)