အမြို့မြို့အနယ်နယ်သတင်းများ

Jan 27,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ယနေ့ နံနက် ၁၀ နာရီက ကိုယ်လက် လှုပ်ရှားအားကစားအစီအစဉ်အဖြစ် အားကစားအကများကို Online မှ ထုတ်လွှင့်ရန် ရိုက်ကူးခဲ့ သည်။
Jan 27,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်တွင် လူမှုကွန်ရက်များ၌ လှုံ့ဆော်မှုများတွင် အများပြည်သူ ပါဝင်မှုမရှိစေရန် သတင်းထုတ်ပြန်ချက်အား အသိပေးနှိုးဆော်ခြင်းကို ယနေ့ နံနက်ပိုင်းအချိန်က မြို့ပေါ်ရပ်ကွက်များတွင် လှည့်လည်အသိပေး နှိုးဆော်ခဲ့ကြသည်။
Jan 27,2022
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ငါ့သရောက်မြို့၊ အမှတ်(၁)မြောက်ကုန်းရက်ကွက် တွင်တည်ရှိသော စွန်စိုက် ဘုန်းတော်ကြီးကျောင်းတော်ကြီးတွင် အသစ်တည်ဆောက်လျက်ရှိသော ဥဒ္ဒိဿစေတီတော်သစ်တည်ရာသို့ ငါ့သရောက် မြို့ရှိဝန်ထမ်းများ စုပေါင်း၍ သွားရောက်ကာ လုပ်အားပေး ကုသိုသ်ဒါနယူခဲ့ကြောင်း သိရသည်။
Jan 27,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၌ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အကြို စာစီစာကုံး၊ ဆောင်းပါး၊ ကဗျာ၊ ပန်းချီ၊ ကျပန်း စကားပြောပြိုင်ပွဲကို ယနေ့ နံနက်(၉)နာရီက အ.ထ.က (မိုင်းဆတ်)မြတ်ပညာ ကျင်းပခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Jan 27,2022
ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မိဘပြည်သူများအား အသိပညာဗဟုသုတများ အထွေ ထွေဗဟုသုတများ တိုးပွားလာစေရေးနှင့် သိသင့်သိထိုက်သည်များကို သိရှိနားလည်လာနိုင်စေရေးအတွက် အသိပညာပေးခြင်းလုပ်ငန်းများကို ရပ်ကွက်/ကျေးရွာများသို့ သွားရောက်ပြီးကွင်းဆောင်ရွက်ခြင်းများနှင့် iprd Facebook page အွန်လိုင်းမှတဆင့် အသိပညာပေးခြင်းလုပ်ငန်းများနှင့် အခြားဝန်ဆောင်မှုလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Jan 27,2022
ရခိုင်ပြည်နယ်၊   ဂွမြို့နယ်တွင်    မြို့နယ်အတွင်း   ရပ်ရွာအေးချမ်းသာယာရေးနှင့်     လုံခြုံရေးအတွက်  မြို့ပေါ်ရပ်ကွက်များအား ဧည့်စာရင်း   စစ်ဆေးဆောင်ရွက်ခြင်းကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ  ယမန်နေ့   ည ၉ နာရီက ပူးပေါင်းရေးအဖွဲ့မှ   ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
Jan 27,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့တွင် ယမန်နေ့ည (၈)နာရီအချိန်မှစ၍ ဒေသခံပြည်သူများ သိရှိစေရေး ရပ်ကွက်များ အတွင်း အသိပေးသတင်းထုတ်ပြန်ချက်များ နှိုးဆော် ဆောင်ရွက်ကြောင်း သိရသည်။
Jan 27,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်တွင် လူမှုကွန်ရက်များတွင် လှုံ့ဆော်မှုများတွင် အများပြည်သူပါဝင်မှု မရှိစေရန် သတင်းထုတ်ပြန်ချက်အား အသိပေးကြေညာခြင်းကို ယမန်နေ့ ညနေ(၃)နာရီအချိန်က မြို့ပေါ်ရပ်ကွက်များတွင် လှည့်လည်အသိပေး နှိုးဆော်ခဲ့ကြသည်။