Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
မိုင်းယုမြို့၌ ကျေးလက်တောင်သူမိသားစုများ အပိုဝင်ငွေရရှိနိုင်ရန် သဘာဝတံမြက်စည်းပင်များ စတင်ခုတ်ယူ
Jan 27,2022
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ နယ်စပ်ဒေသ မိုင်းယုမြို့ ဝမ်တာကြန့်ကျေးရွာအုပ်စု၊ ဝမ်တာကြန့်ကျေးရွာနှင့် ဝမ်ပေါ့ကျေးရွာများတွင် မှီတင်းနေထိုင်ကြသော ကျေးလက်တောင်သူများသည် တောင်ပေါ်ဒေသ အမြဲစိမ်းတောများတွင် အလေ့ကျပေါက်ပင်ဖြစ်ပြီး နေရာကွက်ကျား ပေါက်ရောက်လျက်ရှိသော တံမြက်စည်းပင်ပွင့်ခိုင်များ မိသားစုတဖက်တလမ်းမှ အပိုဝင်ငွေရရှိစေရန်အတွက် စတင်ခုတ်ယူနေလျက်ရှိကြသည်။
အပြည့်အစုံ ဖတ်ရန်
အင်္ဂပူမြို့နယ် မီးသတ်ဦးစီးဌာနရုံးတွင် ငလျှင်ဘေးအန္တရာယ် သဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်
Jan 27,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ်တွင် ငလျှင်ဘေးအန္တရာယ် ဖြစ်ပေါ်လာပါက ထိခိုက်ဆုံးရှုံးမှု လျော့နည်းစေရန်ရည်ရွယ်၍ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက ယနေ့နံနက် ၁၀နာရီအချိန်တွင် မီးသတ်ဦးစီးဌာနရုံးတွင် ငလျှင်ဘေးအန္တရာယ်ဆိုင်ရာ ဇာတ်တိုက်လေ့ကျင့်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
မိုးကုတ်မြို့နယ်တွင် ကိုယ်လက်လှုပ်ရှားအားကစား( Fitness Dance) သရုပ်ပြအကရိုက်ကူးထုတ်လွှင့်
Jan 27,2022
မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် ယမန်နေ့နံနက်(၁၁)နာရီအချိန်က ပြည်သူများ ကျန်မာကြံ့ခိုင်စေရန်ရည်ရွယ်ပြီး အားကစားနှင့်ကာယပညာဉီးစီးဌာနနှင့်ပူးပေါင်း၍ ကိုယ်လက်လှုပ်ရှားအားကစား( Fitness Dance )သရုပ်ပြအက ရိုက်ကူးထုတ်လွှင့်ခြင်းအစီအစဉ်ကို ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဆည်ကြီးကျေးရွာတွင် ခရမ်းချဉ် စိုက်ပျိုးသူများ အောင်မြင်ဖြစ်ထွန်းလျက်ရှိ
Jan 27,2022
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်မြို့နယ်တွင် ဆည်ကြီးကျေးရွာတွင် ခရမ်းချဉ်စိုက်ပျိုးသူများ အောင်မြင်ဖြစ်ထွန်း လျက်ရှိကြောင်း သိရသည်။ အဆိုပါ ခရမ်းချဉ်သီးပင် တစ်ဧက စိုက်ပျိုးထားရှိပြီး စိုက်ပျိုးရာတွင် (၂)ပေခွဲ ပတ်လည် စိုက်ပျိုးကြပြီး ရာသီဥတုပေါ်မူတည်ပြီး ရေလောင်းခြင်းအားဆေး၊ ပိုးသတ်ဆေးများ ပတ်ဖျန်းပေးရကြောင်း စိုက်ပျိုး ကုန်ကျစရိတ်အနေနဲ့ တစ်ဧက စိုက်မယ်ဆိုလျှင် အနည်းဆုံး(၁)သိန်းခွဲ ကုန်ကျကြောင်း ခရမ်းချဉ် သက်တမ်း ရက် ၆၀ အကြာမှာ ပန်းများစပွင့်ကာ ရက် ၉၀ အကြာတွင် အသီးများ စတင်ခူးဆွတ် ရောင်းချလို့ရပြီဖြစ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
အုတ်တွင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါမျိုး ကွဲသစ်အိုမီ ခရွန် (Omicron) ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ဆောင်ရွက်
Jan 27,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ မျိုးကွဲသစ်အိုမီခရွန် (Omicron) ကြိုတင်ကာကွယ် တားဆီးရေး ဆိုင်ရာအချက်များ အသိပညာပေးနှိုးဆော်ခြင်းများ ကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများအရောက် အသံချဲ့စက်ဖြင့် လိုက်လံအသိပေး နှိုးဆော် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပန်းတနော်မြို့နယ် မီးသတ်တပ်ဖွဲ့မှ မြေငလျှင်ဘေး သရုပ်ပြဇာတ်တိုက်လေ့ကျင့်မှု ပြုလုပ်
Jan 27,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် မီးသတ်တပ်ဖွဲ့မှ မြေငလျှင်ဘေးအန္တရာယ် ကြုံတွေ့လာပါက အချိန်နှင့်တပြေးညီ လျှင်မြန်စွာတုံ့ပြန်ဖြေရှင်းဆောင်ရွက်နိုင်ရန်နှင့် ပြည်သူတို့၏ အသက်အိုးအိမ်စည်းစိမ် ဆုံးရှုံးထိခိုက်မှုအား လျော့ချနိုင်ရန်ရည်ရွယ်၍ မြေငလျှင်ဘေး ဇာတ်တိုက်လေ့ကျင့်မှုပြုလုပ်ခြင်းကို ဇန်နဝါရီ ၂၆ ရက် မွန်းလွဲ ၄ နာရီက ပန်းတနော်မြို့နယ်မီးသတ်ရုံး၌ ပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းယုမြို့၌ ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ အိုမီခရွန်(Omicron) ရောဂါပိုး ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်
Jan 27,2022
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယုမြို့၌ ကိုဗစ်-၁၉ ကူးစက်ရောဂါနှင့် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ Omicron (အိုမီခရွန်) ရောဂါပိုး ကြိုတင်ကာကွယ်ရေး လုပ်ငန်းများတွင် ပြည်သူလူထု ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ မြန်မာ၊ ရှမ်းနှစ်ဘာသာဖြင့် အသိပညာပေး နှိုးဆော်ခြင်းကို ယနေ့ နံနက်ပိုင်းက မြို့ပေါ်/ရပ်ကွက်သို့ Hand Speaker ဖြင့် လှည့်လည်နှိုးဆော်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဒေးဒရဲမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး မိုဘိုင်းစနစ်ဖြင့် ဌာနဆိုင်ရာ ရုံးများအရောက် စာအုပ်များ အခမဲ့ငှားရမ်းပေး
Jan 27,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ဝန်ထမ်းများက ယနေ့နံနက် (၁၀)နာရီက မြို့နယ်မီးသတ် ဦးစီးဌာနသို့ မိုဘိုင်းစနစ်ဖြင့် စာအုပ်များ အခမဲ့ ကွင်းဆင်း ငှားရမ်းပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
22832
Page
22833
Page
22834
Page
22835
Current page
22836
Page
22837
Page
22838
Page
22839
Page
22840
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department