ကရသူရိမြို့တွင် နိုင်ငံတော်အစိုးရ၏ ထုတ်ပြန်ချက်များအား ပြည်သူများသိရှိစေရန် လိုက်လံအသိပေးနှိုးဆော်

ကရသူရိ ဇန်နဝါရီလ ၂၇

တနင်္သာရီတိုင်းဒေသကြီး၊  ဘုတ်ပြင်းမြို့နယ်၊ ကရသူရိမြို့တွင် Silent Strike (အသံတိတ သပိတ်)မပြုလုပ်ကြရန်အသိပေးပြောကြားခြင်းကို ယနေ့ နံနက် ၈နာရီက မြို့အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ရုံးခန်းမ၌ပြုလုပ်ခဲ့ကြောင်းသိရသည်။

အသိပေးပြောကြားရာတွင် မြို့အုပ်ချုပ်ရေးမှူးဦးအေးမျိုးအောင်က  နိုင်ငံတော်တည်ငြိမ်ရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုအား ကြောက်ရွံ့ထိန့်လန့်မှုဖြစ်ပေါ်စေရန်ရည်ရွယ်ပြီး Silent Strike(အသံတိတ်သပိတ်)ပြုလုပ်ရန်လှုံဆော်မှုများ လူမှုကွန်ရက်များတွင် ပျံ့နှံ့နေသည်ကိုတွေ့ရှိ ရပါသည်။ ယင်းသို့လှုံဆော်မှုများအပေါ် ပြည်သူများအနေဖြင့်လိုက်ပါလုပ်ဆောင်မိပါက ဥပဒေ အရအရေးယူ ခံရနိုင်ကြောင်း၊ ပြည်သူလူထုများအနေဖြင့် ယင်းတို့၏ လှုံ့ဆော်မှု၊ ဝါဒဖြန့်မှုများအပေါ် မသိနားမလည်၍ဖြစ်စေ၊ ကြောက်ရွံ့၍ဖြစ်စေ၊ အသံဖြင့်ဖြစ်စေ၊ အများပြည်သူအနှောင့် အယှက်ဖြစ်စေမည့်ပြုလုပ်မှုများကို အားပေးကူညီခြင်းများပြုလုပ်လျှင် အကြမ်းဖက်မှုတိုက်ဖျက် ရေးဥပဒေအရ အရေးယူခံရနိုကြောင်း၊ ထို့ကြောင့် မိမိတို့မြို့/ရွာအေးချမ်းသာယာရေးအတွက် ယင်းတို့၏လက်အောက်ခံအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များ၏ လှုံ့ဆော်ဝါဒဖြန့်မှုများအပေါ် လိုက်ပါပြုလုပ်ခြင်းမပြုကြပါရန် အသိပေးပြောကြားသည်။

ထို့နောက် Silent Strike(အသံတိတ်သပိတ်)မပြုလုပ်ကြရေးအတွက် သတင်းထုတ်ပြန်ချက်များနှင့် လိုက်နာဆောင်ရွက်ရန်အချက်များကို အများပြည်သူကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေးအတွက် မြို့အုပ်ချုပ်ရေးမှူးဦးစီး၍ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့်နယ်မြေရဲတပ်ဖွဲ့ဝင်များပူးပေါင်းပြီး ရပ်ကွက်နှင့်ပြည်ထောင်စုလမ်းမကြီတို့တွင် မီးသတ်ယာဉ် ဖြင့်လိုက်လံနှိုးဆော်ခဲ့ကြောင်း သိရသည်။

ကရသူရိ(ပြန်/ဆက်)