ဝါးခယ်မမြို့နယ် ညောင်ပင်သာကျေးရွာအုပ်စုတွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်

ဝါးခယ်မ  ဇန်နဝါရီ ၂၇

ဧရာ၀တီတိုင်းဒေသကြီး၊မြောင်းမြခရိုင်၊ဝါးခယ်မမြို့နယ်တွင်ပန်းခင်းစီမံချက်ဖြင့်  လူဝင်မှုကြီးကြပ်ရေး နှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ  “လူမှုဘဝပြည့်စုံဖို့နိုင်ငံသားကတ်ကိုင်ကြစို့ဆောင်ပုဒ်နှင့်အညီ ဇန်နဝါရီ ၂၆ ရက်နေ့ နံနက်()နာရီက ညောင်ပင်သာကျေးရွာအုပ်စုရှိ ပြည်သူများအား အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးနိုင်ရေး ကျေးရွာများအရောက် ဆောင်ရွက်‌ပေးခဲ့ကြောင်းသိရသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင်မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ရုံးမှ မြို့နယ်ဦးစီးမှူး ဦး‌ကျော်စိုး၏ဦးဆောင်မှုဖြင့်ဝန်ထမ်းများက အဖွဲ့များခွဲကာ‌    ညောင်ပင်သာ ကျေးရွာရှိပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ် အသက် (၁၀) နှစ်ပြည့် ()ဦး၊ အသက် (၁၈)နှစ်ပြည့် () ဦး၊လဲလှယ်(၂၉)၊မိတ္တူ(၁၀)ဦး၊ စုစုပေါင်း (၄၆)ဦးနှင့်ပြောင်းရွေ့အိမ်ထောင်စု(၁၅၀)စုအားဆောင်ရွက် ပေးနိုင်ခဲ့ ကြောင်းသိရသည်။

စောသန္တာဦး