ကျွန်းစု ဇန်နဝါရီ ၂၇
တနင်္သာရီတိုင်းဒေသကြီး၊ကျွန်းစုမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကျွန်းစုမြို့နယ်ရုံးက ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများအား ယနေ့နံနက်ပိုင်းက ကျွန်းစုမြို့၊ အခြေခံပညာအထက်တန်း ကျောင်း၌ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဆောင်ရွက်ရာတွင် ခရိုင်လဝက ဦးစီးမှူး၊ ဦးထွန်းဇော်ဦးက နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ပေးရာတွင် ကျောင်းသား/သူများ သိသင့်သိထိုက်သည့် အချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်လဝက ဦးစီးမှူး ဦးဇော်ထွန်းလင်းက ပြုလုပ်ပေးသည့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများအား ပြုပြင်ခြင်းနှင့် ပျောက်ဆုံး၊ ပျက်စီးမှုများ ရှိပါက သက်ဆိုင်ရာဦးစီးဌာနသို့ ဆက်သွယ်ပြုလုပ်နိုင်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်နေသည်ကို ကြည့်ရှူခဲ့ကြသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်လျက်ရှိရာ ကျောင်းသား၊ သူများ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ရရှိရေးအတွက် ပညာရေးဝန်ထမ်းများက ပူးပေါင်းဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
စည်သူရအောင်(ကျွန်းစု)