အမြို့မြို့အနယ်နယ်သတင်းများ

Jan 28,2022
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ရေကြည်မြို့နယ်တွင် အသံတိတ်သပိတ်နှင့် ပတ်သက်၍ ပြည်သူလူထုများအား ကြောက်ရွံ့ထိတ်လန့်မှုများ မဖြစ်ပေါ်စေရန်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများက ယနေ့နံနက် (၉)နာရီအချိန်က ပိတောက်ချောင်လမ်းဆုံတွင် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်းသိရသည်။
Jan 28,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် မြို့မဈေးနှင့် မြို့တွင်း ရောင်းချလျက်ရှိသော ဈေးဆိုင်ခန်းများ စနစ်တကျ ပုံမှန်ရောင်းချရေး လိုက်လံအသိပေးခြင်းနှင့် လမ်းညွှန်ချက် စာစောင်များ ဖြန့်ဝေခြင်းကို ယနေ့ နံနက်(၉)နာရီအချိန်မှ စတင်၍ ပူးပေါင်းအဖွဲ့များက ဆောင်ရွက်ခဲ့ကြသည်။
Jan 28,2022
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကြာအင်းဆိပ်ကြီးမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး နှင့် ဝန်ထမ်းများက၊ မိဘပြည်သူများအား ကိုဗစ်-၁၉ ဗီဇပြောင်း မျိုးကွဲအိုမီခရွန် (Omicron) ရောဂါပိုးများကို သတိပြု အ‌လေးနက်ထား ကြိုတင်ကာကွယ်နိုင်စေရေးအတွက် ယနေ့ နံနက်ပိုင်းအချိန်က မြို့ပေါ်ရပ်ကွက်များအတွင်းသို့ သွားရောက်ပြီး အသိပညာပေး နှိုးဆော်မှုများ ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
Jan 28,2022
ပြည်သူများ အသိပညာဗဟုသုတ ရရှိစေရန်ရည်ရွယ်၍  ကရင်ပြည်နယ်၊ ဘောဂလိမြို့ ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန လူထုအခြေပြုဗဟိုဌာန(Community   Centre) ခန်းမတွင် ယနေ့နံနက်ပိုင်းက စာ​ပေချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များနှင့် ပူးပေါင်းပြီး စာရေးဆရာအောင်သင်းရေးသားသည့်  “ ရည်မှန်းချက်နှင့် ပြဿနာအထွေထွေ” စာအုပ်ဖြင့်စာဖတ်ဝိုင်း ပြုလုပ်ခဲ့သည်။
Jan 28,2022
ဧရာဝတီတိုင်းဒေသကြီး ၊ ဟင်္သာတခရိုင် ၊ ဇလွန်မြို့နယ်တွင် Silent Strike (အသံတိတ်သပိတ်)နှင့်ပတ်သက်ပြီး ဒေသခံပြည်သူများ သိရှိစေရေး အသိပေးထုတ်ပြန်ချက်များနှိုးဆော်ဆောင်ရွက်ခြင်းကို ယမန်နေ့ညနေ ၅ နာရီအချိန်မှ စ၍ နှိုးဆော်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
Jan 28,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်တွင် လူမှု ကွန်ရက်များမှ လှုံ့ဆော်မှုများအတွင်း အများပြည်သူပါဝင်မှုမရှိစေရန် သတင်းထုတ်ပြန်ချက် များအား အသိပေးနှိုးဆော်ခြင်း လုပ်ငန်းများကို ယနေ့ မွန်းလွဲပိုင်းက ဌာနဆိုင်ရာ ပူးပေါင်းရေး အဖွဲ့မှ မြို့ပေါ်ရပ်ကွက်များသို့ လှည့်လည်အသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။
Jan 28,2022
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့၌ မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးထွန်းဝင်းနိုင်ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များသည် ယမန်နေ့ နံနက်ပိုင်းက ဘူးသီးတောင်မြို့ မြို့မစည်ပင်သာယာစျေးရှေ့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်း၊ မီးငြှိမ်းသတ်နည်းသရုပ်ပြ အခမ်းအနားကို ကိုဗစ်-၁၉ ကာကွယ် ရေးဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ ပြုလုပ်ခဲ့ကြသည်။
Jan 28,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်တွင် အများပြည်သူသိရှိနိုင်စေရန် သတင်း ထုတ်ပြန်ချက်များအား ယမန်နေ့ နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများအရောက် လိုက်လံအသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။