မအီ ဇန်နဝါရီ ၂၈
ရခိုင်ပြည်နယ် သံတွဲခရိုင်၊ မအီမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက Mobile Library စနစ်ဖြင့် သုတ/ရသ စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက အမှတ်(၄)ရပ်ကွက်ရှိ အခြေခံပညာအလယ်တန်းကျောင်း (ပြင်ဝန်း) သို့သွားရောက် ငှားရမ်းပေးခဲ့သည်။
ထိုသို့ စာအုပ်စာစောင်များ ငှားရမ်းပေးရာတွင် မအီမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက စာဖတ်ပရိတ်သတ်များအတွက် စာပေ ဖတ်ရှုမှုကို အဆင်ပြေစေရန်နှင့် အသိပညာဗဟုသုတ တိုးပွားစေရန်ရည်ရွယ်ပြီး သုတ၊ ရသစာအုပ်များ၊ ဝတ္တုစာအုပ်များ၊ မဂ္ဂဇင်း၊ ရုပ်ပြစာအုပ်များကို ယူဆောင်ပြီး အလက(ပြင်ဝန်း) စာသင်ကျောင်း ရှိကျောင်းသား/ ကျောင်းသူများကို သွားရောက် ငှားရမ်းပေးခဲ့ခြင်းဖြစ်သည်။
အဆိုပါ Mobile Library စနစ်ဖြင့် စာအုပ်စာစောင် ငှားရမ်းပေးခြင်းကို လစဉ်ပုံမှန် ပြုလုပ်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်းကို စာဖတ်ပရိတ်သတ်များအား ပြောကြားခဲ့ကြောင်း သိရသည်။
သိန်းထွန်းအောင်(ပြန်/ဆက်)