အမြို့မြို့အနယ်နယ်သတင်းများ

Jan 28,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘောဂလိမြို့တွင် ကိုဗစ်-၁၉ ကူးစက်ရောဂါနှင့် ကိုဗစ်-၁၉ ဗီဇပြောင်း မျိုးကွဲ Omicron (အိုမီခရွန်) ရောဂါကူးစက်ပြန့်ပွားမှုကို ထိရောက်စွာ ကာကွယ် တားဆီးထိန်းချုပ်နိုင်ရန်နှင့် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများတွင် ပြည်သူလူထု ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ အသိပညာပေးနှိုးဆော်ခြင်း လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ဘောဂလိမြို့ အတွင်းရှိ မိဘပြည်သူများအား သိရှိလိုက်နာရေးအတွက် ကျန်းမာ ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကာကွယ်ရေး လမ်းညွှန်ချက်များအား အသိပေးနှိုးဆော်ခြင်းကို ယနေ့ နံနက်ပိုင်း အချိန်က Hand Speaker ဖြင့် မြို့အတွင်း လှည့်လည်နှိုးဆော် ခဲ့ကြသည်။
Jan 28,2022
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့နယ်တွင် Silent Strike(အသံတိတ်သပိတ်)နှင့် ပတ်သက်သည့် အကြောင်း အရာများကို ပြည်သူများအနေဖြင့် ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေး အသိပေးကြေညာချက် ဗွီနိုင်းများစိုက်ထူခြင်းကို ယနေ့နံနက် (၁၁)နာရီအချိန်က  ကော့ကရိတ် မြို့ပေါ်ရပ်ကွက်အတွင်းရှိ လူစည်ကားရာနေများတွင် စိုက်ထူခဲ့ကြကြောင်း သိရသည်။
Jan 28,2022
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်အတွင်းရှိ စားသောက်ဆိုင်များ၊ စျေးဆိုင်များ စက်ရုံ အလုပ်ရုံများနှင့် တွံတေး-လှိုင်သာယာ၊ တွံတေး- ဒလ၊ တွံတေး - မအူပင် ကားလမ်းမဘေးရှိ စျေးဆိုင်၊ စားသောက်ဆိုင်များအား ဖေဖော်ဝါရီ(၁)ရက်နေ့တွင် ပုံမှန်ရောင်းချရေး သတင်း ထုတ်ပြန်ချက် စာစောင်များအား ယနေ့ နံနက်ပိုင်းက စတင်လိုက်လံဖြန့်ဝေခြင်း၊ အသံ ချဲ့စက်ဖြင့် ကြေညာခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jan 28,2022
ကရင်ပြည်နယ်၊ ရှမ်းရွာသစ်မြို့တွင် လူမှုကွန်ရက်များတွင်ပျံနှံ့နေသော လှုံ့ဆော်မှုများ၌ အများ ပြည်သူ ပါဝင်မှုမရှိစေရန် သတင်းထုတ်ပြန်ချက်အား အသိပေးကြေညာခြင်းနှင့် လက်ကမ်း စာစောင်များ ဖြန့်ဝေပေးခြင်းကို ယနေ့နံနက်ပိုင်းတွင် မြို့ပေါ်၊ ရပ်ကွက်ကျေးရွာ အုပ်စုအတွင်းရှိ စာသင်ကျောင်းများ၊ အိမ်ဆိုင်၊ ဈေးဆိုင်များ၌ ဒေသခံပြည်သူများအား ပိုမိုသိရှိစေရန် ​အသိပေးခြင်းကို ဆောင်ရွက်ခဲ့သည်။
Jan 28,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် တိုက်ပွဲရှောင်စခန်းများ တွင်ရောက်ရှိနေ သော တိုက်ပွဲရှောင်ပြည်သူများအား မြို့နယ်တိုက်ပွဲရှောင်ပြည်သူများ ကူညီကယ်ဆယ် ထောက်ပံ့ရေးလုပ်ငန်းများ ဆောင်ရွက်ကြီးကြပ်ရေးကော်မတီမှ ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက တောင်မြို့ရပ်ကွက်ရှိ (၂၅၀၀) ကျောင်းတိုက် တိုက်ပွဲရှောင်စခန်းနှင့် ဘော်ကြိုကျေးရွာအုပ်စု၊ ဘော်ကြိုဘုရားကြီးဓမ္မာရုံ တိုက်ပွဲရှောင်စခန်းများသို့ သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
Jan 28,2022
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင် သာသနာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသည့်  (၆)ကြိမ်မြောက် သာသနမာမက သာသနလင်္ကာရသာမဏေကျော်စာမေးပွဲကို ယနေ့မွန်းလွှဲ (၁)နာရီအချိန်က ကော့ကရိတ်မြို့နယ်၊ ကော့ဝါလဲကျေးရွာ၊ အေးချမ်းသာယာတောရကျောင်း ဓမ္မာရုံ၌ ကျင်းပခဲ့ကြောင်း သိရသည်။
Jan 28,2022
ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဖလား အသက်(၂၅)နှစ်အောက် မြို့နယ်ပေါင်းစုံ မြန်မာ့သိုင်း ပြိုင်ပွဲ ဆုချီးမြှင့်ပွဲကို ယမန်နေ့ ညနေ(၃)နာရီခွဲက တောင်ကြီးမြို့ ပြည်နယ်လေ့ကျင့်ရေး အားကစားရုံ၌ ကျင်းပသည်။