ရှမ်းရွာသစ် ဇန်နဝါရီ ၂၈
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကလေးစာဖတ်ခန်းတွင် (၇၅)နှစ် မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို သရေကွင်းကော်ပြိုင်ပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါပြိုင်ပွဲတွင် ရှမ်းရွာသစ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်အေးအေးနွဲ့က ကျောင်းသား/သူ ကလေးသူငယ်များ မြန်မာနိုင်ငံ၏ နေ့ထူးနေ့မြတ်များကို သိရှိစေရန်၊ လူအများရှေ့တွင် သွက်လက်ထက်မြတ်စေရန်၊ ဉာဏ်ရည်ဉာဏ်သွေးထက်မြတ်စေရန်၊ အားကစားစိတ်ဓာတ်များ ဖြစ်ပေါ်လာစေရန် အစရှိသည့် ရည်ရွယ်ချက်များဖြင့် ပြိုင်ပွဲများ ကျင်းပပြုလုပ်ပေးရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်ပြီး (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို သရေကွင်းကော် ပြိုင်ပွဲကို ရှမ်းရွာသစ်မြို့ အ.မ.ကကျောင်းမှ ကျောင်းသား/သူ (၁၀)ကျော်က ပါဝင်ယှဉ်ပြိုင်ကြပြီး ဆုရရှိသူများကို မြို့ပြန်/ဆက်ဦးစီးမှူးက ဆုများအသီးသီး ချီးမြှင့်ပေးခဲ့ကြောင်း သိရှိရပါသည်။
စောဂျိုးဇက်ဂျူး (ပြန်/ဆက်)