အမြို့မြို့အနယ်နယ်သတင်းများ

Feb 05,2022
(၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန မုံရွာခရိုင်စိုက်ပျိုးရေးဦးစီးဌာမှ ဦးဆောင်ပြီး (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဝန်ထမ်းစွမ်းဆောင် ရည်မြှင့်တင်ရေးသင်တန်းကို ယနေ့ နံနက်(၉)နာရီအချိန်က အဆိုပါရုံး အောင်သလ္လာခန်းမ၌ ကျင်းပပြုလုပ်ရာ စိုက်ပျိုးရေးဦးစီးဌာနမှ သင်တန်းနည်းပြဆရာ၊ဆရာများနှင့် သင်တန်းသား သင်တန်းသူ (၃၀)ဦး တက်ရောက်ခဲ့ကြောင်းသိရသည်။
Feb 04,2022
(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် အသက် ၂၅ နှစ်အောက် အမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲ ဆုပေးပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၁ နာရီက ကျိုက်မရော မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနရှိ ဖူဆယ်ကွင်း၌ ကျင်းပပြုလုပ်သည်။
Feb 04,2022
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၌ အခြေခံပညာကျောင်းသား၊ကျောင်းသူများအား ပန်းခင်းစီမံချက်ဖြင့် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနမှူးရုံးမှ ဝန်ထမ်းများက “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့” ဆောင်ပုဒ်နှင့်အညီ ဆောင်ရွက်ထားရှိသော နိုင်ငံသား စိစစ်ရေးကတ်ပြားများကို ယနေ့၊ နံနက်(၁၁)နာရီက ပုဏ္ဏားကျွန်းမြို့ အခြေခံပညာအထက်တန်းကျောင်း ခန်းမ၌ပေးအပ်ခဲ့ကြောင်း သိရသည်။
Feb 04,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနပူးပေါင်းပြီး (၇၅)နှစ်မြောက်စိန်ရတုပြည်ထောင်စုနေ့အကြို အားကစားပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းတွင် ဒက္ခိဏခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး၌ ကျင်းပသည်။