အမြို့မြို့အနယ်နယ်သတင်းများ

Feb 04,2022
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့၏ကျက်သရေဆောင် သဘာဝဘိုးဘွား ရိပ်သာ အတွင်းရှိ ဘိုးဘွားများအား ကျန်းမာရေးပြုစုပေးနိုင်ရေးအတွက် သဘာဝဘိုးဘွား ရိပ်သာ ၏ ဦးစီးပဓာန ဆရာတော်ဘဒ္ဒန္တသုန္ဒရမှ ဘိုးဘွားရိပ်သာဆေးရုံဆောက်လုပ်ရန် ပန္နက်တော်တင် မင်္ဂလာအခမ်းအနားကို အဆိုပါဘိုးဘွားရိပ်သာအတွင်း ယနေ့နံနက် ၇ နာရီခွဲအချိန်က ကျင်းပ ပြုလုပ်ရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအေးနိုင်နှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ မ,တည်အလှူရှင်များ၊ စေတနာရှင်အလှူရှင်များ တက်ရောက်ခဲ့သည်။
Feb 04,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှကြီးမှူးပြုလုပ်သော အားကစားနည်းများနှင့် ပတ်သက်သော အကြောင်းအရာများ ဟောပြောခြင်း၊ လက်တွေ့သရုပ်ပြ ကစားခြင်းနှင့် အားကစားပစ္စည်းများ ပေးအပ်လှူဒါန်းခြင်းကို ယမန်နေ့ နံနက် ၉ နာရီအချိန်က အမှတ်(၄)အခြေခံပညာ အထက်တန်းကျောင်း ဝန်းအတွင်းကျင်းပ ပြုလုပ်ခဲ့ကြောင်းသိရသည်။
Feb 04,2022
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ် ‌‌ဆေးပုလဲကုန်းကျေးရွာတွင် ထောပတ်ခရမ်းသီး တစ်နိုင် တစ်ပိုင် စိုက်ပျိုးရောင်းချခြင်းဖြင့် မိသားစု ပုံမှန်ဝင်ငွေရရှိနေသည့်အတွက် အဆင်ပြေလျက်ရှိကြောင်း သိရသည်။
Feb 04,2022
၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်သည့် (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အခမ်းအနားကို ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးဆိုင်ရာ ညွှန်ကြားချက်နှင့်အညီ ကျင်းပပြုလုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို  ဇန်နဝါရီလ ၃ ရက်နေ့ နံနက် ၁၀ နာရီက ပုလောမြို့အထွေထွေအုပ်ချုပ်ရေးမှူးရုံး အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Feb 04,2022
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် တောင်ဇင်းတိုက်နယ်ရှိ မောက်စကုန်းတဲတိုက်နှင့် ရွာလှကျေးရွာဘုန်းတော်ကြီးကျောင်းသို့ အေးမေတ္တာရေအလှူတော်အသင်းက ဖေဖော်ဝါရီ ၄ရက်၊ နံနက် ၈နာရီအချိန်က သောက်သုံးရေ ရေဂါလံ ၁၆၀၀ လှူဒါန်းပေးခဲ့ကြောင်းသိရသည်။
Feb 04,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထု အခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် (အကြို) စာအုပ်/စာစောင်ပြပွဲကို ယမန်နေ့က ကျင်းပဆောင်ရွက်ခဲ့သည်။
Feb 04,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် နောင်ခမ်းဆည်မှ သီးနှံမျိုးစုံ(၂၂၃၁) ရေပေးဝေနေသည့် သံရွာကျေးရွာအုပ်စု၊ နောင်ခမ်း ကျေးရွာအနီးရှိ ကဒူးမြောင်းရေသွင်းတံခါးအား ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ယူပြီး ပြန်လည်ပြုပြင်ပေးလျက်ရှိကြောင်းသိရသည်။