ကျိုက်မရော ဖေဖော်ဝါရီ ၄
(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် အသက် ၂၅ နှစ်အောက် အမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲ ဆုပေးပွဲ အခမ်းအနားကို ဖေဖော်ဝါရီလ ၂ ရက်နေ့ နံနက် ၁၁ နာရီက ကျိုက်မရောမြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနရှိ ဖူဆယ်ကွင်း၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ကျိုက်မရောမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသိမ်းက အမှာစကားပြောကြားရာတွင် ဖူဆယ်ပြိုင်ပွဲကို ကျင်းပပေးခြင်းအားဖြင့် လူငယ် များအတွက် ကျန်းမာကြံ့ခိုင်ရေးနှင့် မြန်မာ့အားကစားအဆင့်အတန်း မြင့်မားရေး၊ ဖူဆယ် ဘောလုံးအားကစားအတွက် ထူးချွန်ထက်မြက်သည့် လူငယ်အားကစားသမားများ ပေါ်ထွက်လာစေပြီး ဌာနဆိုင်ရာ အချင်းချင်းလည်း ရင်းနှီးချစ်ခင်စေကာ အားကစားစိတ်ဓာတ်ဖြင့် ယှဉ်ပြိုင်ခဲ့ကြသည့်အတွက် ထိုက်တန်သည့်ဆုများကို ပေးအပ်ချီးမြှင့်ခြင်းဖြစ်ကြောင်း ပြောကြားပြီး ပြိုင်ပွဲတွင်ဆုရရှိသည့် မြို့နယ်မြေစာရင်းဦးစီးဌာန၊ အားကစားနှင့် ကာယပညာ ဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်း များအား ဆုများအသီးသီး ချီးမြှင့်ပေးခဲ့သည်။
အသက် ၂၅ နှစ်အောက် အမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲတွင် ဌာနဆိုင်ရာ ၆ ခု မှ အသင်း ၆ သင်းတို့က ယှဉ်ပြိုင်ကစားခဲ့ကြပြီး ဆုရရှိသည့်အသင်းများအား သက်ဆိုင်ရာတာဝန်ရှိသူများက ပထမ၊ ဒုတိယနှင့် တတိယဆုများကို အသီးသီးချီးမြှင့်ပေးခဲ့ကြကြောင်း သိရသည်။
ချိုမြတ်မြတ်ထွေး(ကျိုက်မရော)