ပုဏ္ဏားကျွန်း ဖေဖော်ဝါရီ ၄
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၌ အခြေခံပညာကျောင်းသား၊ကျောင်းသူများအား ပန်းခင်းစီမံချက်ဖြင့် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနမှူးရုံးမှ ဝန်ထမ်းများက “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့” ဆောင်ပုဒ်နှင့်အညီ ဆောင်ရွက်ထားရှိသော နိုင်ငံသား စိစစ်ရေးကတ်ပြားများကို ယနေ့၊ နံနက်(၁၁)နာရီက ပုဏ္ဏားကျွန်းမြို့ အခြေခံပညာအထက်တန်းကျောင်း ခန်းမ၌ပေးအပ်ခဲ့ကြောင်းသိရသည်။
အခမ်းအနားတွင် ကျောင်းသား၊ ကျောင်းသူများအား ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးနေမှုအခြေအနေများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးဇော်သိန်းနှင့်အဖွဲ့ဝင်များက ကွင်းဆင်းကြည့်ရှု့ကြပြီး လိုအပ်သည်များကို ပေါင်းစပ်ကူညီဆောင်ရွက်ပေးခဲ့သည်။ ထိုနောက် ကျောင်းသား၊ ကျောင်းသူများအား ပန်းခင်းစီမံချက်ဖြင့် အသက်(၁၆)နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးနေမှုအခြေအနေများနှင့်ပတ်သက်၍ မြို့နယ်ပညာရေးမှူး ဦးကျော်ဟန်က ရှင်းလင်းပြောကြားသည်။
အဆိုပါ ပန်းခင်းစီမံချက်(၄)ရပ်နှင့်အညီ နိုင်ငံသားစိစစ်ရေးကတ်များအား ကွင်းဆင်းဆောင်ရွက်ပေးနေမှု အခြေအနေများအား မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဝင်းမြင့်က ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ အသက်(၁၆)နှစ်ပြည့် ကျောင်းသား၊ ကျောင်းသူများအား ပန်းခင်းစီမံချက်ဖြင့် ပုဏ္ဏားကျွန်းမြို့ အထကမှ ကျောင်းသား/သူ(၁၀၇)ဦး၊ မြို့မ အထက(ခွဲ)မှ ကျောင်းသား/သူ(၃၉)ဦး၊ ယိုးတရုပ် အထကမှ ကျောင်းသား/သူ(၁၆၆)ဦး၊ ကွန်းတောင် အထကမှ ကျောင်းသား/သူ(၁၀)ဦးတို့အတွက် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးဇော်သိန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်ဦးကျော်နု၊ မြို့နယ် လဝကဦးစီးမှူး ဦးဝင်းမြင့်နှင့် မြို့နယ်ပညာရေးမှူး ဦးကျော်ဟန်တို့က သက်ဆိုင်ရာ ကျောင်းအုပ်ကြီးများထံသို့ ပေးအပ်ခဲ့ကြောင်းသိရသည်။
နီထွန်းအောင်(ပြန်/ဆက်)