အမြို့မြို့အနယ်နယ်သတင်းများ

Feb 04,2022
ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးများသည် ယမန်နေ့ နံနက်ပိုင်းက မင်္ဂလာဒုံမြို့နယ်၊ ခရေပင်လမ်းဘေး မင်္ဂလာကန်တွင် အများပြည်သူအပန်း ဖြေအနားယူနိုင်ရန် စိမ်းလန်းမြေနှင့် စက်ဘီးစီးလမ်း ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။
Feb 04,2022
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့ မဟာရွှေစည်ကြီးစေတီတော် (၂၂)ကြိမ်မြောက် ဗုဒ္ဓပူဇနိယ ဘုရားပွဲတော်ကို ကျန်းမာရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ကျန်းမာရေး စည်းကမ်းချက်များနှင့်အညီ အကျဉ်းကျုံး၍ တပို့တွဲလပြည့်နေ့ (ဖေဖော်ဝါရီ ၁၅ ရက်)တွင် ဗုဒ္ဓဘိသေကအနေကဇာတင်လှူပူဇော်ပွဲ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း စေတီတော်ဂေါပက အဖွဲ့ထံမှသိရသည်။
Feb 04,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် စည်ပင်သာယာရေး ကော်မတီ၏ ၂၀၂၂-၂၀၂၃ခု ဘဏ္ဍာရေး နှစ်အတွက် အရပ်ရပ်အခွင့်အရေးလိုင်စင်များ စျေးပြိုင်စနစ်ဖြင့် လေလံရောင်းချပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်၌ လေးမျက်နှာမြို့နယ် စည်ပင်သာရေးအဖွဲ့ ရုံးခန်းမ၌ ကျင်းပခဲ့သည်။
Feb 04,2022
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်၌ မြို့နယ်သံဃနာယကအဖွဲ့ အနားယူခြင်းနှင့် ပြန်လည် ရွေးချယ်ပွဲကို ယမန်နေ့ နံနက်ပိုင်းက ကျောင်းကုန်းကျေးရွာ၊ ရတနာသိင်္ဂိ ကျောင်းတိုက်တွင် ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
Feb 04,2022
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအ‌ခြေပြုဗဟိုဌာနCommunity Centreခန်းမတွင် ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ Talk Show ကို ယမန်နေ့ ည နေ ၄ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ ‌ကြောင်းသိရသည်။
Feb 04,2022
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ မြို့နယ်သံဃာ့အဖွဲ့အစည်း အဆင့်ဆင့် အနားယူ/အစားထိုး ရွေးချယ်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က မင်းဘူးမြို့ ရှင်ပင်စက္ကိတဲစေတီတော်ရှိ ရတနာသုခဓမ္မာရုံ၌ သံဃာအဖွဲ့အစည်း အခြေခံ စည်းမျဉ်းများနှင့်အညီ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Feb 04,2022
အဋ္ဌမအကြိမ် နိုင်ငံ​တော်သံဃမဟာနာယကအဖွဲ့တာဝန်ကျ (ပထမအဖွဲ့ခွဲ) ၏ တတိယအကြိမ် ဆဋ္ဌ အစည်းအ​ဝေးကို ယ​မန်နေ့မွန်လွဲပိုင်းက နိုင်ငံ​တော်သံဃမဟာနာယကအဖွဲ့ အစည်းအဝေး ခန်းမ၌ ကျင်ပသည်။
Feb 04,2022
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူးကျင်းပသော အမျိုးသား ဖူဆယ်ဘောလုံးပြိုင်ပွဲနှင့် ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယမန့်နေ့ ညနေ (၄)နာရီက သပိတ်ကျင်းမြို့၊ ကဘဲ့ရပ်ကွက် ရှိ မြို့မအားကစားကွင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။