အမြို့မြို့အနယ်နယ်သတင်းများ

Feb 05,2022
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Center ခန်းမအတွင်း၌ စစ်တုရင်ပြိုင်ပွဲကို ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင်ကျရောက်မည့် (၇၅)နှစ်မြောက်စိန်ရတု ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသော အားဖြင့် ယမန်နေ့ နံနက် ၁၁ နာရီအချိန်က အဆိုပါခန်းမအတွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
Feb 05,2022
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်ရှိ ဌာနဆိုင်ရာဝန်ထမ်းများနှင့် မိသားစုဝင်များအား မြို့နယ်ကျန်းမာရေးဌာနမှ သားအိမ်ခေါင်းကင်ဆာ အကြိုအဆင့် စစ်ဆေးပေးခြင်းကို ယမန်နေ့ နံနက် ၈ နာရီက ချောင်းဆုံပြည်သူ့ဆေးရုံ သားဖွားဆောင်၌စတင်ပြီး ကျန်းမာရေး ဝန်ထမ်းများက စစ်ဆေးမှုများ ဆောင်ရွက်ပေးခဲ့သည်။
Feb 05,2022
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ် သံဃနာယကအဖွဲ့အနားယူခြင်းနှင့် ပြန်လည်ရွေးချယ်တင်မြောက်ခြင်း အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာချိန်တွင် မိုင်းနားကျေးရွာ၊ ဓမ္မရက္ခိတကျောင်းတိုက်တွင် ကျင်းပသည်။
Feb 05,2022
မွန်ပြည်နယ်  သံဖြူဇရပ်မြို့နယ်တွင်   မူကြိုကျောင်းများကို   ပြန်လည်ဖွင့်လှစ်သင်ကြားနေပြီဖြစ်၍ ယမန်နေ့နံနက် ၁၀ နာရီက ပဒံငံလေးကျေးရွာမိခင်နှင့်ကလေးမူကြိုကျောင်းတွင်ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့်  ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်ထားရှိမှု အခြေအနေကိုမြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနတာဝန်ရှိသူများကကွင်းဆင်းစစ်ဆေးကြောင်းသိရသည်။
Feb 05,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် လယ်ဝေးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ Community Centre (လူထုအခြေပြုဗဟိုဌာန)တွင် ယမန့်နေ့ နံနက်(၉)နာရီက မူလတန်း(အောက်ဆင့်) ကဗျာရွတ်ပြိုင်ပွဲနှင့် အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ ကျင်းပခဲ့သည်။
Feb 05,2022
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြို့၌ (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းဝေးကို ယမန်နေ့ နံနက် ၉ နာရီ ခွဲ အချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေး ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
Feb 05,2022
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့၌ ပွင့်လင်းရာသီသို့ရောက်ရှိလာပြီဖြစ်သဖြင့် မီးဘေးအန္တရာယ်ကင်းဝေးနိုင်စေရေးအတွက် ပြင်ဈေးရပ်ကွက်အ.ထ.က(ခွဲ)လ-(၁) အခြေခံပညာအထက်တန်း ကျောင်းတွင် ယမန်နေ့က အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။
Feb 05,2022
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့နယ်အတွင်းရှိ မွေးကင်းစ ကလေးငယ်များနှင့် အသက်(၅)နှစ်အောက် ကလေးငယ်များအား အပိုဆောင်း ပိုလီယိုအကြောသေရောဂါ ကာကွယ်ဆေး တိုက်ကျွေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ကော့ကရိတ်ခရိုင် ပြည်သူ့ဆေးရုံကြီးတွင် တိုက်ကျွေးလျက်ရှိကြောင်း သိရသည်။