နေပြည်တော် ဖေဖော်ဝါရီ ၄
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနပူးပေါင်းပြီး (၇၅)နှစ်မြောက်စိန်ရတုပြည်ထောင်စုနေ့အကြို အားကစားပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းတွင် ဒက္ခိဏခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး၌ ကျင်းပသည်။
အားကစားပြိုင်ပွဲတွင် အပြေးပြိုင်ပွဲ၊ သုံးချောင်းထောက်အပြေးပြိုင်ပွဲ၊ အိတ်စွပ်အပြေးပြိုင်ပွဲ၊ အာလူး ကောက်ပြိုင်ပွဲ၊ ပူပေါင်းဖောက်ပြိုင်ပွဲစသည့်တို့ကို အမှတ်(၂၂) အခြေခံပညာအထက်တန်း ကျောင်းမှ အလယ်တန်းအဆင့် ကျောင်းသားကျောင်းသူများက ယှဉ်ပြိုင်ကြသည်။
ထို့နောက် နေပြည်တော် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူး (တာဝန်ပေး)ဒေါ်သင်းသင်းဇင်နှင့် တာဝန်ရှိသူများက ပြိုင်ပွဲတွင်ဆုရရှိသူများကို ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
ထွန်းထွန်းဝင်း (ခရိုင်ပြန်/ဆက်)