အမြို့မြို့အနယ်နယ်သတင်းများ

Feb 06,2022
၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် ကျရောက်သော (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် ဂေါက်သီးရိုက်ပြိုင်ပွဲဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေ ၆ နာရီခန့်က ကရင်ပြည်နယ်၊ ဘားအံမြို့၊ ဘားအံဂေါက်ကလပ် မြက်ခင်းပြင်၌ ကျင်းပသည်။
Feb 06,2022
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးအေးနိုင်၏ လမ်းညွှန်မှုအရ ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါပိုး စောင့်ကြပ်ထိန်းချုပ်နိုင်ရေးနှင့် ဒေသခံ မိဘပြည်သူများနှင့် ခရီးသွားပြည်သူများ နေအိမ်ပြင်ပသို့ထွက်ခွာသည့်အခါတိုင်း ပါးစပ်နှင့် နှာခေါင်းစည်း(Mask) ကို စနစ်တကျတပ်ဆင်သည့် အလေ့အကျင့်ကောင်းများ ဆက်လက်လိုက်နာ စေရေးရည်ရွယ်၍ Mask Campaign အဖြစ် ယနေ့နံနက် ၇ နာရီ ၃၀ အချိန်က ချောင်းငယ်ရပ်ကွက် မြို့မရဲစခန်းအရှေ့နှင့် ချောင်းကြီးရပ်ကွက်-ရွှေလိပ်ပြာလမ်းဆုံတို့သို့ အရှိန်အဟုန်မြှင့်၍ Mask Campaign ပြုလုပ်ပြီး (Mask)များ အခမဲ့ဖြန့်ဝေပေးကြောင်း သိရသည်။
Feb 06,2022
(၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြိတ်မြို့ကျက်သရေဆောင် လေးကျွန်းဆီမီးစေတီတော်တွင် မြိတ်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ကျော်မိုးသက် ဦးဆောင်၍ ရဲတပ်ဖွဲ့ဝင်များမှ ယနေ့နံနက်ပိုင်းတွင် စေတီတော်ကြီးအား ပန်း၊ ရေချမ်း၊ ဆီမီးနှင့် အမွေးနံ့သာထွန်းညှိ ပူဇော်ရာနေရာများနှင့် စေတီတော်ရင်ပြင်အား စုပေါင်းသန့်ရှင်းရေး ဆောင်ရွက် ခဲ့ကြသည်။
Feb 06,2022
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် စာပေ ချစ်မြတ်နိုးသူများ၊ စာပေဝါသနာရှင်များနှင့် စာဖတ်ဝိုင်းကျင်းပခြင်းကို ယနေ့ မွန်းလွဲ ၁ နာရီအချိန်က စာရေးဆရာ နတ်သျှင်၊ ရွှေဂူ ရေးသားသော “အနာဂတ်ကိုမျှော်တွေး ပါ”စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Feb 06,2022
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ မြို့မဘုန်းတော်ကြီးကျောင်းတွင် ဘာသာ သာသနာတော်မြတ်ကြီး သန့်ရှင်းစင်ကြယ်စွာ တည်တံ့ပြန့်ပွားစေရေးအတွက် နတ်မောက်မြို့နယ် သံဃနာယကအဖွဲ့များက အနားယူလစ်လပ်သွားသော သံဃနာယကနေရာများ၌ အစားထိုးရွေးချယ်ရန် သံဃအဖွဲ့အစည်းအဆင့်ဆင့် ( အနားယူ/ အစားထိုး) ရွေးချယ်ခြင်းဆိုင်ရာ အခမ်းအနားကို ယမန်နေ့ နေ့လယ် (၂)နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။
Feb 06,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ မြင်းမူမြို့ ပြန်/ဆက်ဦးစီးဌာန ပြည်သူ့စာကြည့်တိုက်တွင် ဖေဖေါ်ဝါရီလ(၆)ရက် ယနေ့နံနက်ပိုင်းက ပြည်တောင်စုနေ့အကြောင်း သိကောင်းစရာ Talk Show တင်ဆက်ဟောပြောပွဲပြုလုပ်ခဲ့သည်။
Feb 06,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် ဟင်္သာတမြို့နယ်တွင် အဌမအကြိမ် မြို့နယ် သံဃနာယက အဖွဲ့အနားယူ၊ အစားထိုး ရွေးချယ်ခြင်းနှင့် မြို့နယ်သံဃာ့ဝန်ဆောင် အစည်းအဝေး အခမ်းအနားကို ဟင်္သာတမြို့၊ ဥယျာဉ်မြောက်ရပ်ကွက်၊ မြစ်ကွေ့ ကျောင်းလမ်း၊ မြစ်ကွေ့ပရိယတ္တိစာသင်တိုက်အတွင်းရှိ ဇေယျာသီရိ သုံးထပ်တိုက်ကျောင်း၌ ယနေ့နံနက် ၉ နာရီကကျင်းပပြုလုပ် ခဲ့သည်။