ကျိန္တလီ ဖေဖော်ဝါရီ ၆
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် စာပေ ချစ်မြတ်နိုးသူများ၊ စာပေဝါသနာရှင်များနှင့် စာဖတ်ဝိုင်းကျင်းပခြင်းကို ယနေ့ မွန်းလွဲ ၁ နာရီအချိန်က စာရေးဆရာ နတ်သျှင်၊ ရွှေဂူ ရေးသားသော “အနာဂတ်ကိုမျှော်တွေး ပါ”စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ စာဖတ်ဝိုင်းကျင်းပရာတွင် ကျိန္တလီမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဦးခိုင်မိုးမင်း (ရုပ်သံကျွမ်းကျင်-၃) က စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား တက်ရောက်လာသည့် အ.ထ.က (ကျိန္တလီ) ကျောင်းမှ အဌမတန်း ကျောင်းသား/ ကျောင်းသူများကို ရှင်းလင်းပြောရာတွင် မိမိတို့ဌာနသည် ပြည်သူများအား အသိပညာဗဟုသများ ထပ်ဆင့်မျှဝေ ဖြန့်ဖြူးပေးရန်၊ စာပေဖတ်ရှုသည့် အလေ့အကျင့် ကောင်းများရရှိလာစေရန်၊ ကိုယ်ပိုင်စာဖတ်ချိန်မရှိသူများအတွက် စာပေဖတ်ခွင့်မဆုံးရှုံးစေရန်၊ စာအုပ်စာပေဖတ်ရှုခြင်းဖြင့် မိမိတို့ကျင် လည်ရာပတ်ဝန်းကျင်တွင် ဖြစ်ပေါ်ပြောင်းလဲနေသည့် ပြဿနာများကို ဉာဏ်ပညာ အမျှော်အမြင် ပြည့်ဝစွာဖြင့် ဖြေရှင်းဆောင်ရွက်နိုင်ရန်၊ စာဖတ်ရှိန်မြှင့်တင်နိုင်ရေးအတွက် စာဖတ်ဝိုင်းပြုလုပ်ရခြင်း ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ သိရသည်။
ဆက်လက်၍ စာပေချစ်မြတ်နိုးသူ အဌမတန်းမှ မသင်းသင်းမြတ်က စာရေးဆရာ နတ်သျှင်၊ရွှေဂူ ရေးသားသော “အနာဂတ်ကို မျှော်တွေးပါ” စာအုပ်ထဲမှ “မိတ်ကောင်းဆွေကောင်းနဲ့ အရည်အချင်း” စာပိုဒ်ပါ အကြောင်းအရာမှကောက်နုတ်ချက်များ၊ အဌမတန်းမှ မောင်လင်းလင်းထွန်းက စာရေးဆရာ နတ်သျှင်၊ ရွှေဂူ ရေးသာထားတဲ့ “အနာဂတ်ကိုမျှော်တွေးပါ” စာအုပ်ထဲမှ “လူငယ်တို့အတွက် ပြင်ပသင်ခန်းစာ” စာပိုဒ်ပါအကြောင်းအရာမှ ကောက်နုတ်ချက်များအား စာဖတ်ဝိုင်းသို့ တက်ရောက်လာသော စာပေချစ်မြတ်နိုးသူ ကျောင်းသား/ကျောင်းသူများနှင့် အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ခိုင်မိုးမင်း(ပြန်/ဆက်)