Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
တုံတာမြို့၌ (၇၅)နှစ်မြောက်စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲ၊ စာအုပ်/စာစောင် ပြပွဲနှင့် နံရံကပ် စာစောင်ပြပွဲကျင်းပ
Feb 04,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ တုံတာမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် (၇၅)နှစ်မြောက်စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို ဟောပြောပွဲ စာအုပ်/စာစောင်ပြပွဲနှင့်နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက်၁၀နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဆင်ပေါင်ဝဲမြို့နယ်၊ သာဂရ-ကိုးပင် လမ်းမိုင် ၈၆/၅-၈၆/၆ အတွင်းရှိ ပျက်စီးနေသော Box Culvert ပြန်လည်တည်ဆောက်ခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေး
Feb 04,2022
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသိန်းဇော်ဦးနှင့် မြို့နယ်လမ်းဦးစီးဌာနမှ တာဝန်ရှိသူများက ယမန်နေ့နံနက် ၁၁ နာရီအချိန်က ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် (၆) လဘတ်ဂျက်တွင် မြို့နယ်လမ်းဦးစီးဌာနမှ တာဝန်ယူ ဆောင်ရွက်သည့် သာဂရ-ကိုးပင်လမ်းမိုင် ၈၆/၅-၈၆/၆ အတွင်းရှိ ပျက်စီးနေသော Box Culvert ပြန်လည်တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေအား ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ရွှေဘိုမြို့၌ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများ ကျင်းပ
Feb 04,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၊ ဘောလုံးကွင်းအတွင်း ဖေဖော်ဝါရီ ၄ ရက်၊နံနက် ၉ နာရီအချိန်က(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် ဆန်ကောရွက်ပြိုင်ပွဲ(မ)၊ အာလူးကောက်ပြိုင်ပွဲ(မ)၊ ပီနံအိတ် စွတ်အပြေးပြိုင်ပွဲ(ကျား၊မ) မီတာ ၁၀၀ (ကျား၊မ)နှင့်မီတာ ၂၀၀ ကျားမပြိုင်ပွဲများကျင်းပရာ ကျောင်းအုပ်ဆရာကြီး၊ဆရာ/ဆရာမများနှင့် ကျောင်းသား၊ကျောင်သူများက ကြည့်ရှုအားပေး ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
‘‘တူယှဉ်နွှဲပျော်ဂီတပွဲတော်” သီချင်းဆိုပြိုင်ပွဲ ဒုတိယအဆင့်ပွဲစဉ် စိတ်ကြိုက်သီချင်းသီဆိုမှု မြဝတီမီဒီယာစင်တာ၌ကျင်းပ
Feb 04,2022
စိန်ရတုပြည်ထောင်စုနေ့ကို ဂုဏ်ပြုသောအားဖြင့် တူယှဉ်နွှဲပျော်ဂီတပွဲတော် သီချင်းဆိုပြိုင်ပွဲ ဒုတိယအဆင့်ပွဲစဉ် စိတ်ကြိုက် သီချင်းသီဆိုမှုကို ယနေ့ (သောကြာနေ့) ညတွင် မြဝတီစင်တာ၌ ကျင်ပမည်ဖြစ်ပြီး မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၌ တိုက်ရိုက် Live ရိုက်ကူး ထုတ်လွှင့်မည်ဖြစ်သည်။
အပြည့်အစုံ ဖတ်ရန်
ညောင်ဦးခရိုင်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပေးနိုင်မှု သုံးသိန်းခြောက်သောင်းကျော် ထိုးပေးပြီးဖြစ်
Feb 04,2022
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင်အတွင်းရှိပြည်သူများ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးပေးနိုင်မှုအခြေအနေ ယနေ့နံနက်ပိုင်းအချိန်ထိ ၃၆၃၅၀၆ ဦး ထိုးပေးနိုင်ခဲ့ပြီဖြစ်ကြောင်း ညောင်ဦးခရိုင်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတိုးလွင်ထံက သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဝမ်းတွင်းမြို့နယ် အုပ်ချုပ်ရေးမှူးဖလား အမျိုးသားအလွတ်တန်း ပိုက်ကျော်ခြင်းပြိုင်ပွဲ ဆုပေးပွဲ အခမ်းအနားကျင်းပ
Feb 04,2022
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်တွင် ၂၀၂၂ ခုနှစ် မြို့နယ်အုပ်ချုပ်ရေးမှူးဖလား အမျိုးသား အလွတ်တန်း ပိုက်ကျော်ခြင်းပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက မြို့နယ်အားကစားကွင်း မိုးလုံလေလုံ အားကစားရုံတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းယန်းမြို့နယ်တွင် လယ်ယာမြေဧက ၉၅ အကျိုးပြုသည့် ကျေးလက်ကုန်ထုတ်လမ်းပေါ်ရှိ Box Culvert တစ်စင်းနှင့် Pipe Culvert လေးစင်းတည်ဆောက်
Feb 04,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ ခုဘဏ္ဍာရေးနှစ်၊ ခြောက်လတာကာလတွင် ပြည်ထောင်စုရန်ပုံငွေဖြင့် နောင်ဟွိုင်ကျေးရွာရှိ လယ်ယာမြေဧက ၉၅ ဧကမှ သီးနှံများဈေးကွက်သို့ အချိန်မီရောက်ရှိစေရေးအတွက် ကျေးလက်ကုန်ထုတ်လမ်းပေါ်ရှိ Box Culvert တစ်စင်းနှင့် Pipe Culvert လေးစင်း တည်ဆောက်လျက်ရှိကြောင်း မိုင်းယန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကော့မှူးမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ မြို့နယ်စာကြည့်တိုက်များ ကြီးကြပ်မှု ကော်မတီဝင် အသစ် ပြန်လည်ဖွဲ့စည်း
Feb 04,2022
ရန်ကုန်တောင်ပိုင်းခရိုင်၊ ကော့မှူးမြို့နယ်တွင် မြို့နယ်စာကြည့်တိုက်များ ကြီးကြပ်မှု ကော်မတီဝင်အသစ် ပြန်လည်ဖွဲ့စည်းခြင်းကို ယနေ့နံနက် ၉ နာရီက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထု အခြေပြုဗဟိုဌာန Community Centre ၌ ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ လမ်းညွှန်ချက်များနှင့်အညီ ကျင်းပခဲ့ ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
22704
Page
22705
Page
22706
Page
22707
Current page
22708
Page
22709
Page
22710
Page
22711
Page
22712
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department