စိန်ရတု ပြည်ထောင်စုနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရဲတပ်ဖွဲ့ဝင်များမှ လေးကျွန်းဆီမီး စေတီတော်တွင် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

မြိတ်   ဖေဖော်ဝါရီ   ၆

(၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြိတ်မြို့ကျက်သရေဆောင် လေးကျွန်းဆီမီးစေတီတော်တွင် မြိတ်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ကျော်မိုးသက် ဦးဆောင်၍ ရဲတပ်ဖွဲ့ဝင်များမှ ယနေ့နံနက်ပိုင်းတွင် စေတီတော်ကြီးအား ပန်း၊ ရေချမ်း၊ ဆီမီး နှင့် အမွေးနံ့သာထွန်းညှိ ပူဇော်ရာနေရာများနှင့် စေတီတော်ရင်ပြင်အား စုပေါင်းသန့်ရှင်းရေး ဆောင်ရွက် ခဲ့ကြသည်။

သန့်ရှင်းရေးကို မြိတ်ခရိုင်ရဲတပ်ဖွဲ့မှူးရုံးနှင့် အမှတ်(၂၂)လုံခြုံရေးရဲတပ်ဖွဲ့ခွဲ၊ သတင်းရဲတပ်ဖွဲ့(မြိတ်)၊ မှုခင်း ရဲတပ်ဖွဲ့(မြိတ်)၊ လေကြောင်းရဲတပ်ဖွဲ့(မြိတ်)၊  ရေကြောင်း ရဲတပ်ဖွဲ့(မြိတ်)၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ (မြိတ်)၊ မူးယစ်ရဲတပ်ဖွဲ့(မြိတ်)၊ ယာဉ်ထိန်းရဲတပ်ဖွဲ့(မြိတ်)တို့ရှိ ရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များ စုပေါင်းဆောင် ရွက်ခဲ့ကြကြောင်း သိရသည်။

ခိုင်ထူး (မြိတ်ပြန်/ဆက်)