မရမ်းကုန်းမြို့နယ်၌ မြို့နယ်သံဃနာယကအဖွဲ့များ အနားယူခြင်းဆိုင်ရာ အစည်းအ​ဝေးနှင့် မြို့နယ်သံဃနာယကအဖွဲ့ဝင်များ ပြန်လည်​ရွေးချယ်ခြင်းဆိုင်ရာ မြို့နယ်သံဃာ့ဝန်​ဆောင် အစည်းအ​ဝေးကျင်းပ

မရမ်းကုန်းဖေ​ဖော်ဝါရီ

ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ် အမှတ်()ရပ်ကွက် ကျိုက်ဝိုင်းဘုရားလမ်း အောင်ဓ္ဓမာရုံ၌  ယ​မန်နေ့မွန်းလွဲ (၁)နာရီ အချိန်က မြို့နယ်သံဃနာယကအဖွဲ့များ အနားယူခြင်းဆိုင်ရာ အစည်းအ​ဝေးနှင့် မြို့နယ်သံဃနာယကအဖွဲ့ဝင်များ ပြန်လည် ရွေးချယ်ခြင်းဆိုင်ရာ မြို့နယ်သံဃာ့ဝန်​ဆောင်အစည်းအ​ဝေး ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါအစည်းအ​ဝေးတွင် သာဘာပတိအဖြစ် တိုင်းနာယကဆရာ​​​တော် ဘဒ္ဒန္တအဂ္ဂသာမိက​ဆောင်ရွက်ပြီး န​​မောတ​ဿ ()ကြိမ်ရွတ် ဆို၍ အစည်းအ​ဝေးဖွင့်လှစ် ကျင်းပခဲ့သည်။ ဆက်လက်ပြီး သဘာပတိဆရာ​တော်က အစည်းအ​ဝေးဖွင့် ဩဝါဒကထာမြွတ်ကြားပြီး အခမ်းအနားမှူးဆရာ​တော်မှ အနားယူခြင်းဆိုင်ရာ လုပ်ငန်းစီမံချက်အရ အနားယူ​သော ဆရာတော်များ၏ ဘွဲ့အမည်စာရင်းများကို ဖတ်ကြားခြင်း၊ ပြန်လည်​ရွေးချယ်ရန်အတွက် မူလသတ်မှတ်ထားသည့် သက်ဆိုင်ရာ နယ်​မြေအလိုက် အမည်စာရင်းတင်သွင်းမည့် အဆိုရှင် မြို့နယ်သံဃာ့ဝန်​ဆောင် ဆရာ​တော်ကို ဖိတ်​ခေါ်ခြင်းနှင့် သဘာပတိဆရာ​တော်က အစားထိုး​ရွေးချယ်ခံသည့် မြို့နယ် သံဃနာယက ဆရာ​တော်ဘွဲ့အမည်စာရင်းကို မြို့နယ်သံဃာ့ဝန်​ဆောင် အစည်းအ​ဝေးသို့တင်သွင်းပြီး သာဓု()ကြိမ်​ခေါ်၍ အတည်ပြုခြင်းနှင့် သံဃာ့အဖွဲ့အစည်း လုပ်ထုံးလုပ်နည်းများကို ရှင်းလင်း​ခဲ့သည်။

မြို့နယ်သံဃာ့ဝန်​ဆောင် အစည်းအ​ဝေးတွင် မြို့နယ်သံဃနာယကအဖွဲ့အစည်း လုပ်ထုံးလုပ်နည်းများနှင့်အညီ ဥက္ကဌအဖြစ် အရိယာ မဏ္ဍိုင်​ကျောင်းဆရာ​တော် ဦးသီလာစာရနှင့် အကျိုး​ဆောင်ဆရာ​တော်၊ အဖွဲ့ဝင်ဆရာ​တော်များ စုစု​ပေါင်း ()ပါးဖြင့်​ရွေးချယ်ဖွဲ့စည်း ခဲ့ပြီး အခမ်းအနားသို့ တိုင်းသာသနာ​ရေးမှူး ဦးထွန်းမြင့်ဦး၊ အ​နောက်ပိုင်းခရိုင် သာသနာ​ရေးမှူးနှင့် မြို့နယ်သာသနာ​ရေးအဖွဲ့များ တက်​ရောက်ခဲ့ကြ​ကြောင်း သိရသည်။

​အေး​အေး​အောင်