အမြို့မြို့အနယ်နယ်သတင်းများ

Feb 06,2022
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း Quarantine Centre အဖြစ် ငှါးရမ်းအသုံးပြုခဲ့သော မိုးကုတ် ဝိပသနာတရားရိပ်သာစခန်း အဆောက်အဦကို ပိုင်ရှင်ဖြစ်သူများထံ ယမန်နေ့မွန်းလွှဲပိုင်းက ပြန်လည်အပ်နှံပြီး အလှူငွေများ ပေးအပ်ခဲ့ ကြောင်း သိရသည်။
Feb 06,2022
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် ဘူးသီးတောင်မြို့နယ် ကွန်တိုင် ကျေးရွာရှိ နေအိမ်များ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ် နိုင်ရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များ၊ သန္ဓေတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်မှ ယမန်နေ့ မွန်းတည့် ၁၂ နာရီအချိန်က အသိပညာပေး ဟောပြောခြင်းနှင့် မီးဘေးလုံခြုံရေး ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
Feb 06,2022
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ်ဦးစီးမှူးရုံးမှ (လဝကမှူး) ဦးတင့်နိုင်နှင့် ဝန်ထမ်းများသည်“လူမှုဘဝပြည့်စုံဖို့နိုင်ငံသားကတ်ကိုင်ကြစို့” ဆောင်ပုဒ်နှင့်အညီ ကျေးလက်နေပြည်သူတိုင်း နိုင်ငံသား စီစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်းများ လက်ဝယ်ရရှိရေး အတွက် ပန်းခင်းစီမံချက်ဖြင့် ဖေဖော်ဝါရီလ ၄ ရက်နေ့မှစ၍ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
Feb 06,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့နယ်နှင့် သုံးဆယ်မြို့တို့တွင် ပြည်သူများ ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ် နိုင်ရေး ရည်ရွယ်၍ မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းကော်မတီဥက္ကဌ ဦးဆန်းဟိုနှင့်အဖွဲ့သည် ယမန်နေ့ နံနက် ၇ နာရီခွဲအချိန်က မြို့နယ်အတွင်းရှိ ပြည်သူများ အသွားအလာများသည့် လမ်းဆုံများသို့ ကွင်းဆင်း၍ အသိပညာ ပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။
Feb 06,2022
မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်ရေး အတွက် Mask Campaign လှုပ်ရှားမှုကို မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ဦးဆောင်၍ ဖေဖော်ဝါရီ ၆ ရက် နံနက် ၈ နာရီက ရေနံချောင်းမြို့ မြို့မဈေးကြီးတွင် ဆောင်ရွက်ခဲ့သည်။       
Feb 06,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဒိုက်ဦးမြို့နယ်တွင် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ပြုလုပ်ပေးနိုင်ရေးအတွက် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြိုနယ်ဦးစီးမှူးရုံးမှ ဦးစီးမှူး ဦးကျော်စိုးမိုးနှင့် ဝန်ထမ်းများက ယမန်နေ့မွန်းလွဲပိုင်းတွင် ဒိုက်ဦးမြို့အမှတ် ၅ သံတံတားရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ကွင်းဆင်း ပြုလုပ်ပေးခဲ့သည်။
Feb 06,2022
(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုးဆိုဂုဏ်ပြုသောအားဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒက္ခိဏခရိုင် ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre)၌ ယနေ့နံနက်ပိုင်းတွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် အသိပညာပေး Talk Show ဆောင်ရွက်ခဲ့ကြသည်။
Feb 06,2022
ဧရာဝတီတိုင်းဒေသကြီး၊​မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် (၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို အားကစားပြိုင်ပွဲများကို ယမန်နေ့ မွန်းလွဲပိုင်းက ကျင်းပခဲ့သည်။