တနင်္သာရီမြို့တွင်ကိုဗစ်-၁၉ ရောဂါမျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါပိုး ထိန်းချုပ်နိုင်ရေး Mask Campaign အရှိန်အဟုန်မပျက်ဆောင်ရွက်

တနင်္သာရီ ဖေဖော်ဝါရီ ၆

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးအေးနိုင်၏ လမ်းညွှန်မှုအရ ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါပိုး စောင့်ကြပ်ထိန်းချုပ်နိုင်ရေးနှင့် ဒေသခံ မိဘပြည်သူများနှင့် ခရီးသွားပြည်သူများ နေအိမ်ပြင်ပသို့ထွက်ခွာသည့်အခါတိုင်း ပါးစပ်နှင့် နှာခေါင်းစည်း(Mask) ကို စနစ်တကျတပ်ဆင်သည့် အလေ့အကျင့်ကောင်းများ ဆက်လက်လိုက်နာ စေရေးရည်ရွယ်၍ Mask Campaign အဖြစ် ယနေ့နံနက် ၇ နာရီ ၃၀ အချိန်က ချောင်းငယ်ရပ်ကွက် မြို့မရဲစခန်းအရှေ့နှင့် ချောင်းကြီးရပ်ကွက်-ရွှေလိပ်ပြာလမ်းဆုံတို့သို့ အရှိန်အဟုန်မြှင့်၍ Mask Campaign ပြုလုပ်ပြီး (Mask)များ အခမဲ့ဖြန့်ဝေပေးကြောင်း သိရသည်။

၎င်း Mask Campaign ပြုလုပ်ရာတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသန်းထိုက်စိုး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဒုဦးစီးမှူး ဦးတင်ထွန်းအောင်နှင့် ဦးမျိုးပြည့်ထွန်းတို့ ကြီးကြပ် လျက် ရဲတပ်ဖွဲ့၊ ကျန်းမာရေး၊ မီးသတ်တပ်ဖွဲ့၊ ပြန်/ဆက်၊ မြန်မာ့ဆက်သွယ်ရေး၊ မြို့နယ်စည်ပင်၊ စိုက်ပျိုးရေးဦးစီးဌာနနှင့် ချောင်းကြီးရပ်ကွက်၊ ချောင်းငယ်ရပ်ကွက်အုပ်ချုပ်ရေးမှူးများပါသော ပူးပေါင်းအဖွဲ့များက မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်များ၊ ခရီးသွားပြည်သူများအား (Mask)များ အခမဲ့ဖြန့်ဝေပေးရင်း နေအိမ်ပြင်ပထွက်ပါက ပါးစပ်နှင့်နှာခေါင်းစည်း (Mask) ကို စနစ်တကျ တပ်ဆင်ရေးနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပြီးကြောင်းလက်မှတ် ကိုတပါတည်း ယူဆောင်လာစေရေး၊ ကာကွယ်ဆေးမထိုးနှံရသေးသူများကို ကာကွယ်ဆေးအကြိမ်ပြည့်ထိုးနှံရေး အသိပညာပေးမှာကြား၍ ဆေးမထိုးရသေးသူများ စာရင်းရယူရာ ယနေ့တွင်(၅)ဦးစာရင်းရရှိပြီး Mask အခု (၂၅၀) ကို အခမဲ့ဖြန့်ဝေပေးကြောင်း၊ ထိုကဲ့သို့ အသိပညာပေး Mask Campaign အား ဖေဖော်ဝါရီလ(၉)ရက်နေ့အထိ နေ့စဉ်ပညာပေးကာလအဖြစ် ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

နန်းသာရီ-ထိန်ဝင်း(ပြန်/ဆက်)