မြင်းမူမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်တောင်စုနေ့အကြောင်းသိကောင်းစရာ Talk Show ပြုလုပ်

မြင်းမူ ဖေဖေါ်ဝါရီ


 

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ မြင်းမူမြို့ ပြန်/ဆက်ဦးစီးဌာန ပြည်သူ့စာကြည့်

တိုက်တွင် ဖေဖေါ်ဝါရီလ(၆)ရက် ယနေ့နံနက်ပိုင်းက ပြည်တောင်စုနေ့အကြောင်း သိကောင်းစရာ

Talk Show တင်ဆက်ဟောပြောပွဲပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြည်တောင်စုနေ့ဖြစ်ပေါ်လာပုံနှင့်   ပြည်သူတစ်ရပ်လုံးဆက်လက်ထိန်းသိမ်း

ရေးတို့နှင့် ပါတ်သက်၍   ဆွေးနွေးပေးရန်အတွက်  မြင်းမူမြို့ အမှတ်(၂)အခြေခံပညာအထက်တန်း

ကျောင်းမှအငြိမ်းစားမြန်မာစာဆရာ ဦးကျော်လင်းအားဖိတ်ကြားသည်။ဆက်လက်၍ ပင်လုံညီလာ

ခံမှအခြေပြုကာ တောင်တန်းပြည်မ မခွဲခြားဘဲ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးတည်ဆောက်ခဲ့

မှုများ၊တိုင်းရင်းသားစည်းလုံးညီညွတ်ရေးသည် မည်မျှအရေးကြီးကြောင်းနှင့် တိုင်းရင်းသားပေါင်းစုံ

စုပေါင်းနေထိုင်သည့် ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီး အဒွန့်ရှည်ခိုင်မာရေးအတွက်    တိုင်းရင်း

သားပေါင်းစုံက   ဥမကွဲသိုက်မပျက်ဆက်လက်နေထိုင်ရေးတို့နှင့်ပါတ်သက်၍   ဆရာဦးကျော်လင်း

က ဆွေးနွေးပေးခဲ့သည်။

အလားတူ ပြည်သူများ ဗဟုသုတ ပိုမိုရရှိရေးအတွက် မြင်းမူမြို့ပြန်/ဆက်ဦးစီးဌာန အနေ

ဖြင့် အခြားအသိပညာပေး Talk Show များစီစဉ်ဆောင်ရွက်ပေးလျက်ရှိသည်။

 

 အောင်စိုးဖေ(မြင်းမူ)