အမြို့မြို့အနယ်နယ်သတင်းများ

Feb 06,2022
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့ အမှတ် (၂)ရပ်ကွက်၊ တိုးချဲ့ကွက်သစ်၊ ငုဝါလမ်းနေ ပိုင်ရှင် ဦးသရွှေ၏ နေအိမ်ရှိ ဘုရားစင်တွင် ယမန်နေ့နံနက်က ဖယောင်းတိုင်မီးဖြင့် ဘုရားမီးပူဇော်ရာမှ မီးစတင်လောင်ကျွမ်းခဲ့ပြီး ပျဉ်ခင်း၊ ပျဉ်ကာ၊ သွပ်မိုး (၁၂x၄၀)ပေခန့် အဆောက်အဦ (၁)လုံး  မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။
Feb 06,2022
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများ တစ်ပိုင်တစ်နိုင် မိသားစု ဝင်ငွေတိုးလုပ်ငန်းများ ဆောင်ရွက် လုပ်ကိုင်နိုင်ခြင်းဖြင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဆင်းရဲနွမ်းပါးမှု လျော့ချနိုင်ရေးအတွက် ရည်ရွယ်၍ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်းပြီး ဖေဖော်ဝါရီ ၅ ရက် ၊ ယမန်နေ့ နံနက် ၉ နာရီက ပွင့်ဖြူမြို့နယ် ဇီးကိုင်းကျေးရွာအုပ်စု ကျွန်းပင်စင်ကျေးရွာတွင် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု သီးနှံအခြေခံ တန်ဖိုးမြှင့် စားသောက်ကုန် ထုတ်လုပ်မှုနည်းပညာသင်တန်း ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သိရသည်။
Feb 06,2022
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဒဂုံမြို့နယ် ဘုရားကြီးရပ်ကွက်ရှိ ရွှေတိဂုံစေတီတော် မြတ်ကြီးတွင် ကျောင်းပိတ်ရက်၊ ရုံးပိတ်ရက်ဖြစ်သည့်အားလျော်စွာ ဘုရားဖူးလာ ရဟန်းရှင်လူပြည်သူများအား ဘုရားတန်ဆောင်းများတွင်
Feb 06,2022
ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်အတွင်းရှိ ကျောင်းသား/သူလေးများအား ကျန်းမာကြံ့ခိုင်သည့် လူ့စွမ်းအား အရင်းအမြစ်များအဖြစ် ပေါ်ထွန်းလာစေရန်နှင့် အားကစားလှုပ်ရှားမှု ပြုလုပ်ခြင်းမှ ရရှိနိုင်သည့် ကျန်းမာရေးအကျိုးကျေးဇူးများအကြောင်းကို ကျယ်ကျယ်ပြန့်ပြန့် သိရှိပြီး အားလပ်ချိန်များတွင် အားကစားလှုပ်ရှားမှု တစ်ခုခုကို ပြုလုပ်လာနိုင်စေရန် ရည်ရွယ်၍ ယနေ့မွန်းလွဲပိုင်းအချိန်က မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် မြို့နယ်ပညာရေးဌာနတို့ ပူးပေါင်းပြီး တာမွေမြို့နယ်ရှိ အမှတ်(၂)အခြေခံပညာ အလယ်တန်း ကျောင်းတွင် အားကစားဆိုင်ရာ အသိပညာပေး ဟောပြောပွဲ၊ သရုပ်ပြပွဲနှင့် အားကစားပစ္စည်းများ ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့သည်။
Feb 06,2022
ရန်ကုန်အနောက်ပိုင်းခရိုင်၊ မရမ်ကုန်းမြို့နယ်စာရေးဆရာအသင်း အမှုဆောင်များလစဥ်ပုံမှန် လုပ်ငန်းညှိနှိုင်း အစည်းအဝေး(၃/၂၀၂၂)ကို ယနေ့နံနက် ၉ နာရီက အမှတ်(၃)ရပ်ကွက် ကျိုက်ဝိုင်ဘုရားဂေါပကအဖွဲ့ရုံး စာကြည့်တိုက်၌ ကျင်းပပြုလုပ်ခဲ့သည်။
Feb 06,2022
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ကျောက်ကြီးမြို့နယ် မေတ္တာရပ်ကွက်၊ တပင်ရွှေထီးလမ်းဘေးရှိ မြို့နယ် စည်ပင်သာယာရေးအဖွဲ့ပိုင် ရေမြောင်းအား ကမ်ပါးပြိုကျပြီးလမ်းပျက်စီးမှုအန္တရာယ်ကင်းဝေးရန် ကျောက်စီမြေထိန်းရေမြောင်းပြုပြင်ခြင်းလုပ်ငန်းအား ဖေဖော်ဝါရီ ၄ ရက်နေ့ နံနက်ပိုင်းက စတင်လုပ်ဆောင်ခဲ့သည်။
Feb 06,2022
မကွေးတိုင်းဒေသကြီး သရက်မြို့တွင် အငြိမ်းစားယူထားသည့် ပညာရေး(ငြိမ်း) ဆရာမကြီး (၁) ဦးကို ပီတိပညာရေးပရဟိတမှ ထောက်ပံ့ငွေ ပေးအပ်ခြင်း အခမ်းအနားကို ယနေ့ နံနက်(၉)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ပြည်သူ့စာကြည့် တိုက် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပခဲ့သည်။