ကျောက်ကြီးမြို့၌ စည်ပင်သာယာရေးအဖွဲ့ပိုင် ကျောက်စီမြေထိန်းရေမြောင်း ပြုပြင်ခြင်းလုပ်ငန်းဆောင်ရွက်

ကျောက်ကြီး၊ ဖေဖော်ဝါရီ ၆

 ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ကျောက်ကြီးမြို့နယ် မေတ္တာရပ်ကွက်၊ တပင်ရွှေထီးလမ်းဘေးရှိ မြို့နယ် စည်ပင်သာယာရေးအဖွဲ့ပိုင် ရေမြောင်းအား ကမ်ပါးပြိုကျပြီးလမ်းပျက်စီးမှုအန္တရာယ်ကင်းဝေးရန် ကျောက်စီမြေထိန်းရေမြောင်းပြုပြင်ခြင်းလုပ်ငန်းအား ဖေဖော်ဝါရီ ၄ ရက်နေ့ နံနက်ပိုင်းက စတင်လုပ်ဆောင်ခဲ့သည်။

 လုပ်ငန်းများအား မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၁ - ၂၀၂၂ ခု ဘဏ္ဍာရေးနှစ် ဌာန mini ဘတ်ဂျက် (၃၀၉၉၀၀၀) ကျပ်သန်းဖြင့် ပေအရှည် (၆၀)ပေ၊ အောက်ခြေ ပေအကျယ်(၃)ပေ၊ အပေါ်ပေ အကျယ်(၁) ပေခွဲ ကျောက်စီမြေထိန်းနံရံလုပ်ငန်းဆောင်ရွက်ခြင်းဖြစ်ပြီး၊ အဆိုပါ လုပ်ငန်းအား ၂၀၂၂ ခုနှစ် မတ်လအတွင်း လုပ်ငန်းများအပြီးဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ် စည်ပင်သာယာရေးအဖွဲ့ရုံးမှသိရသည်။

မြို့နယ်ပြန်/ဆက်