Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ကျိုက်လတ်မြို့အား Green City , Clean City ဖြစ်စေရေး ဌာနဆိုင်ရာများ စုပေါင်းဆောင်ရွက်
Feb 05,2022
ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင် ၊ကျိုက်လတ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်အား Green City, Clean City ဖြစ်စေရန်အတွက် မြို့ဝင် မြို့ထွက်လမ်းမကြီးများတစ်လျှောက် သန့်ရှင်းသာယာလှပစေရန်၊ ပြည်သူများ စည်းကမ်းလိုက်နာ လိုက်နာကြရန်၊ လမ်းဘေးဝဲယာများတွင် အမှိုက်စွန့်ပစ်ခြင်း မရှိစေရန် အသိပညာပေးသည့် အနေဖြင့် သန့်ရှင်းရေးဆောင်ရွက်ခြင်းနှင့် စုပေါင်းအမှိုက်ကောက်ခြင်းကို ယနေ့နံနက် ၇ နာရီ၃၀ တွင် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
အုတ်ဖိုမြို့တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနားကျင်းပနိုင်ရေး ညှိနှိုင်းဆွေးနွေး
Feb 05,2022
၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်သည့် (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အခမ်းအနားကို ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးဆိုင်ရာ ညွှန်ကြားချက်နှင့်အညီ ကျင်းပပြုလုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်း ဆွေးနွေး ပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက အုတ်ဖိုမြို့အထွေထွေအုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပထမအကြိမ်မြောက် ကျိုက်ထိုမြို့လုံးဆိုင်ရာ အသံမစဲမဟာပဌာန်းရွတ်ဖတ်ပူဇော်ပွဲ ပဌာန်းသိမ်းအောင်ပွဲ ကျင်းပ
Feb 05,2022
ကျိုက်ထိုမြို့နယ်၌ ပထမအကြိမ်မြောက် ကျိုက်ထိုမြို့လုံးဆိုင်ရာ အသံမစဲမဟာပဌာန်း ရွတ်ဖတ်ပူဇော်သိမ်းအောင်ပွဲကို ယမန် နေ့နံနက် ၉ နာရီခွဲတွင် မြို့နယ်သာသနာ့ဗိမာန်၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပြည်တက္ကသိုလ်၌ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် စာစီစာကုံး၊ ဆောင်းပါးနှင့် ကဗျာပြိုင်ပွဲများတွင် ဆုရရှိသူများအား ဆုများချီးမြှင့်
Feb 05,2022
ပဲခူးတိုင်းဒေသကြီး ပြည်တက္ကသိုလ်၌ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို ကျင်းပပြုလုပ်သော စာစီစာကုံး၊ ဆောင်းပါးနှင့် ကဗျာပြိုင်ပွဲများတွင် ဆုရရှိသူများအား ဆုချီးမြှင့်သည့် အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီက အဆိုပါ တက္ကသိုလ်ခန်းမဆောင်၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းစံမြို့လူထုအခြေပြု (Community Centre)တွင် (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို စာစီစာကုံး ပြိုင်ပွဲပြုလုပ်
Feb 05,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းစံမြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန (Community Centre)တွင် ယမန်နေ့နံနက် ၉ နာရီအချိန်က (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို စာစီစာကုံးပြိုင်ပွဲကို ကျင်းပပြုလုပ် ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
နမ့်ဆန်မြို့နယ်တွင် ဒေသခံတိုင်းရင်းသားများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးခြင်းလုပ်ငန်း ဆောင်ရွက်ပေး
Feb 05,2022
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ နမ့်ဆန်မြို့နယ်ဦးစီးမှူးရုံးမှ နမ့်လင်းကျေးရွာအုပ်စုအတွင်း သတ်မှတ်ချက်နှင့်ကိုက်ညီသော ဒေသခံတိုင်းရင်းသားများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့ကြောင်း တာဝန်ရှိသူမှပြောကြားခဲ့ပါသည်။
အပြည့်အစုံ ဖတ်ရန်
လပွတ္တာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲနှင့် စာအုပ်ပြပွဲကျင်းပ
Feb 05,2022
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူငယ့်အားမာန်သင်တန်းကျောင်းတို့ ပူးပေါင်း၍ ယနေ့နံနက် (၇) နာရီအချိန်က (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် အကြိုဟောပြောပွဲနှင့် စာအုပ်ပြပွဲ ကျင်းပပြုလုပ် သည်။
အပြည့်အစုံ ဖတ်ရန်
မင်္ဂလာဒုံ မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး လုံးဝမထိုးနှံရသေးသော အသက်(၁၈) နှစ်နှင့်အထက် ပြည်သူများအား ရုရှားနိုင်ငံမှ ထုတ်လုပ်သော Sputnik light ကာကွယ်ဆေး…
Feb 05,2022
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ လျော့နည်း ကျဆင်းစေရေး အတွက်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို နေ့စဉ်ထိုးနှံပေးလျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက ကာကွယ်ဆေး လုံးဝမထိုးနှံရသေးသော အသက် (၁၈)နှစ်နှင့်အထက် ပြည်သူများအား ရုရှားနိုင်ငံမှ ထုတ်လုပ်သော Sputnik light ကာကွယ်ဆေးများကို ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
22658
Page
22659
Page
22660
Page
22661
Current page
22662
Page
22663
Page
22664
Page
22665
Page
22666
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department