Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ကျောက်ဆည်မြို့နယ် သပြေဝန်းကျေးရွာ၌ VDP စီမံကိန်းဖြင့် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီး
Feb 05,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ လူမှုဘဝဖွံ့ဖြိုးတိုးတက်စေရန်အတွက် မြို့ပြနှင့် ကျေးလက်ကွာဟမှုလျော့နည်းစေရေး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည် ဖော် ဆောင်ရွက်ပေးလျက်ရှိရာ၂၀၂၁-၂၀၂၂ ခုနှစ်တွင် သပြေဝန်းကျေးရွာ၌ VDP စီမံကိန်းဖြင့် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းများ ဆောက်ရွက်လျက်ပေးရှိရာ လုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
ကြံခင်းမြို့နယ် စည်ပင်သာယာရေးကော်မတီ၏ ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ် အရပ်ရပ် အခွင့်အရေးလိုင်စင်များ စျေးပြိုင်စနစ် ဖြင့်လေလံရောင်းချပွဲ အခမ်းအနားကျင်းပ
Feb 05,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ကြံခင်းမြို့နယ် စည်ပင်သာယာရေး ကော်မတီ၏ ၂၀၂၂-၂၀၂၃ခု ဘဏ္ဍာရေးနှစ်အတွက် အရပ်ရပ်အခွင့်အရေးလိုင်စင်များ စျေးပြိုင်စနစ်ဖြင့် လေလံရောင်းချပွဲ အခမ်းအနားကို ယမန်နံနက် ၁၀ နာရီအချိန်က မြို့နယ် စည်ပင်သာရေး အဖွဲ့ရုံးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
နောင်ချိုမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် Online မှတစ်ဆင့် အသိပညာပေး အစီအစဉ်များ စဉ်ဆက်မပြတ် ဆောင်ရွက် ပေးလျက်ရှိ
Feb 05,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ပြည်သူ့ စာကြည့်တိုက်တွင် စာပေချစ်မြတ်နိုးသူ ပြည်သူများ စာပေဗဟုသုတရရှိစေရန် ရည်ရွယ်၍ Onlineမှတစ်ဆင့်အသိပညာပေး အစီအစဉ်များကို စဉ်ဆက်မပြတ် ရိုက်ကူးထုတ်လွှင့် ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက မိုးသောက်ပန်းဂျာနယ်ပါ စာရေးဆရာမ မေဇွန်အေး ၏“ မိတ်ဆွေကောင်းဆိုတာ ” ခေါင်းစဉ်ဖြင့် ပုံပြောခြင်း အစီအစဉ်ကို ရိုက်ကူးထုတ်လွှင့် တင်ဆက် ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မောက်မယ်မြို့နယ် ကိုဗစ်-၁၉ ဗီဇပြောင်း Omicron (အိုမီခရွန်) ရောဂါ အသိပညာပေးလုပ်ငန်းများ ဆက်လက်နှိုးဆော်
Feb 05,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်တွင် ကိုဗစ်-၁၉ ကူးစက်ရောဂါနှင့် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ Omicron(အိုမီခရွန်)ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိရောက်စွာကာကွယ်နိုင်ရန်နှင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများတွင် ပြည်သူ လူထု ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ အသိပညာပေးနှိုးဆော်ခြင်းကို ယမန်နေ့ညနေ ၄ နာရီအချိန်ခန့်က မြို့ပေါ်ရပ်ကွက်များအတွင်း အသံချဲ့စက်ဖြင့် လှည့်လည်နှိုးဆော်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သရက်မြို့၍၌ အသက်(၂)လမှ(၂)နှစ်အထိ ကလေးငယ်များကို ပုံမှန်ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိ
Feb 05,2022
မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ အသက်(၂)လမှ (၂)နှစ်အထိကလေးငယ်များကို ပုံမှန် ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယမန် န့ နံနက်(၉)နာရီက ရုံးရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် မြို့ပေါ်(၈)ရပ်ကွက်ရှိ ကလေးငယ်များကို ထိုးနှံပေးခဲ့ရာ ကလေးငယ်(၁၁၈)ဦး ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
လှိုင်းဘွဲမြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ ဆောင်ရွက်
Feb 05,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကလေးစာဖတ်ခန်းတွင် (၇၅)နှစ် မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲကို ယမန်နေ့က ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရွှေဘိုမြို့တွင်း အထူးသန့်ရှင်းရေး စုပေါင်းဆောင်ရွက်
Feb 05,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့ အမှတ်(၁၀)ရပ်ကွက်၊ ပေါ်ဦးလမ်း၊ တံတားနက်အနီးတွင် ယနေ့ နံနက ၇ နာရီအချိန်က (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ရွှေဘိုမြို့တွင်း အထူးသန့်ရှင်းရေး စုပေါင်းသန့်ရှင်းရေးကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပိုင်ကျုံမြို့ ထန်းတပင်ကျေးရွာအုပ်စု ထန်းတပင်-မဲသပုံ ကျေးရွာချင်းဆက်လမ်းအား ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်
Feb 05,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့အတွင်းရှိ ပြည်သူများ၏ လူနေမှုဘဝတိုးတက်မြင့်မားလာစေရေးနှင့် သွားလာရေးလွယ်ကူအဆင်ပြေစေရန် ရည်ရွယ်၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ ထန်းတပင်ကျေးရွာအုပ်စု ထန်းတပင်-မဲသပုံ ကျေးရွာချင်းဆက်လမ်းအား ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကို ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
22662
Page
22663
Page
22664
Page
22665
Current page
22666
Page
22667
Page
22668
Page
22669
Page
22670
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department