မရမ်းကုန်း ဖေဖော်ဝါရီ ၆
ရန်ကုန်အနောက်ပိုင်းခရိုင်၊ မရမ်ကုန်းမြို့နယ်စာရေးဆရာအသင်း အမှုဆောင်များလစဥ်ပုံမှန် လုပ်ငန်းညှိနှိုင်း အစည်းအဝေး(၃/၂၀၂၂)ကို ယနေ့နံနက် ၉ နာရီက အမှတ်(၃)ရပ်ကွက် ကျိုက်ဝိုင်ဘုရားဂေါပကအဖွဲ့ရုံး စာကြည့်တိုက်၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါအစည်းအဝေးတွင် မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးခင်ဇော်(မရမ်းကုန်း)က အဖွင့်အမှာစကား ပြောကြားခြင်း၊ စာရေးဆရာအသင်းနာယက သမိုင်းကိုကိုလှိုင်က နှုတ်ခွန်းဆက် စကား ပြောကြားခြင်းများ ဆောင်ရွက်ပြီး အတွင်းရေးမှူး စာရေးဆရာ မြေလတ်ထင်ကျော်မိုးက ဘဏ္ဍာရေးဆိုင်ရာ စာရင်းအချက် အလက်များရှင်းလင်းတင်ပြခြင်း၊ ရှေးလုပ်ငန်းစဉ်များ ပြောကြားခြင်းနှင့် တက်ရောက်လာသူများမှပြန်လည်ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အေးအေးအောင်(ပြန်/ဆက်)