အမြို့မြို့အနယ်နယ်သတင်းများ

Feb 08,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြောက်ပိုင်းခရိုင် အင်းစိန်မြို့နယ်၌ ယမန်နေ့ နံနက် ၈ နာရီ အချိန်က ကိုဗစ်-၁၉ရောဂါ လျော့နည်းပပျောက်ရေးအတွက် covid ကာကွယ်ဆေး နှစ်ကြိမ် ထိုးနှံပြီး (၆)လ ပြည့်ပြီးသော ဝန်ထမ်းများအား ထပ်ဆောင်းကာကွယ်ဆေး Booster Dose ကို မြို့နယ်ကျန်းမာရေးဦးစီးဌာနရုံးတွင် ထိုးနှံပေးခဲ့သည်။
Feb 08,2022
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကျိုက်ဒုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့ မွန်းလွဲ ၁ နာရီက (၇၅)နှစ် မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို ကဗျာရွတ်ဆိုပြိုင်ပွဲ ကျင်းပသည်။
Feb 08,2022
ရခိုင်ပြည်နယ်၊ စစ်တွေမြို့၌ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် အခြေခံပညာ အထက်တန်းအဆင့် ကျောင်းပေါင်းစုံ စာစီစာကုံးပြိုင်ပွဲနှင့် ဆောင်းပါးပြိုင်ပွဲကို ယမန်နေ့ နံနက်ပိုင်းက အမှတ်(၄)အခြေခံပညာ အထက်တန်းကျောင်း ခန်းမ၌ ကျင်းပသည်။
Feb 08,2022
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်၊ စပါးတန်းကျေးရွာအုပ်စု၊ ကွင်းကြီး(တ) ကျေးရွာတွင် တင်ဒါအောင်ကုမ္ပဏီမှ တာဝန်ယူ တူးဖော်နေသည့် တစ်ဖက်ပိတ်မြေသားမိုးရေ လှောင်ကန်တူးဖော်နေမှုကို ယမန်နေ့ ညနေ ၂ နာရီ ၃၀ မိနစ်တွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မင်းက ကွင်းဆင်းကြည့်ရှုခဲ့သည်။
Feb 08,2022
ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ကျောင်းသားလူငယ်များ ပြည်ထောင်စုနေ့ ဦးတည်ချက်များ၊ ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာပုံနှင့် အနှစ်သာရတို့သိရှိ ထိန်းသိမ်းတက်စေရန် ရည်ရွယ်၍ ၂၀၂၂ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂)ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အခြေခံပညာ အလယ်တန်းအဆင့် ကျောင်းပေါင်းစုံ စာစီစာကုံးပြိုင်ပွဲကို ယမန်နေ့ နံနက် ၉ အချိန်က ဘားအံခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre)တွင်ကျင်းပ ပြုလုပ်ခဲ့သည်။
Feb 08,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အစည်းဝေးခန်းမ၌ ယမန်နေ့ နံနက် ၁၀ နာရီတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အသက်မွေး ဝမ်းကျောင်းအထောက်ကူပြု အခြေခံစက်ချုပ်သင်တန်း (၁/၂၀၂၂) ဆင်းပွဲအခမ်းအနား ပြုလုပ်ခဲ့သည်။
Feb 08,2022
ကရင်ပြည်နယ် အစိုးရအဖွဲ့အနေဖြင့် တိုင်းရင်းသားလက်နက်ကိုင် ငြိမ်းချမ်းရေးအဖွဲ့အစည်းများရှိ တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များ၏ စားဝတ်နေရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် ပြည်နယ်အတွင်း ငြိမ်းချမ်းရေး လုပ်ငန်းများတွင် စည်းလုံးညီညွတ်စွာ ပေါင်းစပ်ညှိနှိုင်း ဖြေရှင်းဆောင်ရွက်နိုင်ရေး အတွက် ကရင်ပြည်နယ်အစိုးရအဖွဲ့ ငြိမ်းချမ်းရေး အထောက်အကူပြုကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီက ပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမ(၂)၌ ကျင်းပသည်။
Feb 08,2022
၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့တွင် ကျောင်းပေါင်းစုံ အထက်တန်းဆင့် စာစီစာကုံး၊ ဆောင်းပါး ပြိုင်ပွဲကို ယမန်နေ့ နံနက် ၉ နာရီက ကန့်ဘလူမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။