အမြို့မြို့အနယ်နယ်သတင်းများ

Feb 08,2022
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကြာအင်းဆိပ်ကြီးမြို့နယ် မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်အတွင်းရှိ ဒေသခံတိုင်းရင်းသား ပြည်သူများနှင့် ဥပဒေအရ နိုင်ငံသားများ ဥပဒေနှင့် အညီ အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုးရရှိစေရေးအတွက် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသား စိစစ်ကတ်များအား ကွင်းဆင်း၍ ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
Feb 08,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းပညာရေး ဒီဂရီကောလိပ်တွင်  ပညာရေးဝန်ကြီးဌာန၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံရိုးရာခြင်းလုံး အဖွဲ့ချုပ်တို့မှ ပူးပေါင်း၍ သင်္ဃန်းကျွန်းပညာရေး ဒီဂရီကောလိပ်၊ ပညာနေခြည်ခန်းမ၌ မြန်မာ့ရိုးရာအခြေခံ ခြင်းလုံးခတ်သင်တန်းဖွင့်ပွဲကို ယမန်နေ့ နံနက် (၉) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Feb 08,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာနတွင်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် အခြေခံပညာ ဦးစီးဌာနတို့ပူးပေါင်း၍ ယမန်နေ့ နံနက်(၉)နာရီခွဲက အခမ်းအနားမှူးသင်တန်း ဖွင့်လှစ်သင်ကြား ပေးလျက်ရှိကြောင်း သိရှိရသည်။
Feb 08,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက  ဒေသနေ ပြည်သူများ အသိပညာဗဟုသုတ ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် စာဖတ်ဝိုင်းများကို ဆောင်ရွက်ပေး လျက်ရှိရာ ယနေ့ နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ဆရာကြီး ရွှေဥဒေါင်း  ရေးသားထားသော အကြံဉာဏ်ဖြင့် ကြီးပွားရေး စာအုပ်ဖြင့် စာဖတ်ဝိုင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Feb 08,2022
၂၀၂၂ခုနှစ်၊(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ် အားကစားဖွံ့ဖြိုးမှုအစီအစဉ်(TSDP)အရ ကျင်းပ ပြုလုပ်သော မြို့နယ်အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌဖလား အလွတ်တန်းအမျိုးသားဘောလုံးပြိုင်ပွဲ ဆီမီးဖိုင်နယ် ပထမပွဲစဉ်အဖြစ် မြို့မအားကစား ကွင်းအတွင်း ယမန်နေ့ ညနေ ၄နာရီ အချိန်က ချောင်းကြီး အသင်းနှင့်ချောင်းငယ်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ မိနစ်(၉၀)အထိ သုံးဂိုးစီသရေကျနေသဖြင့် ပယ်နတီအဆုံးအဖြတ်အဖြစ် ဆက်လက်ယှဉ်ပြိုင်ကြရာ ချောင်းကြီးအသင်းက ချောင်းငယ် အသင်းအား (၃ဂိုး-၂ဂိုး)အနိုင်ရရှိခဲ့ကြောင်း သိရသည်။
Feb 08,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိမြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ၏ ကြီးကြပ်မှုဖြင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး(Covid shield) ထိုးနှံပြီးသူ ကာလ(၆)လနှင့်အထက်ရှိသူများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများအား တတိယအကြိမ် ကိုဗစ်ကာကွယ်ဆေး ထပ်ဆောင်း (Booster Dose) အဖြစ် ရုရှားနိုင်ငံထုတ် Sputnik ဆေးထပ်မံထိုးနှံပေးခြင်းကို ယနေ့နံနက်၈နာရီက မိုးညိုပြည်သူ့ဆေးရုံတွင် စတင်ထိုးနှံပေးလျက်ရှိသည်။
Feb 08,2022
ဖေဖော်ဝါရီလ (၇)ရက်နေ့ ယနေ့တွင် ကျရောက်သည့် (၇၅)နှစ်မြောက် စိန်ရတုရှမ်းပြည်နယ် နေ့အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက် (၈)နာရီခွဲအချိန်က ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကျန်းမာရေးလမ်းညွှန်ချက်များနှင့် အညီကျင်းပပြုလုပ်သည်။
Feb 08,2022
၂၀၂၂ ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ ဂုဏ်ပြုအခမ်းအနားတွင် အလေးပြုခြင်း ခံယူမည့် ပြည်ထောင်စုအလံတော်အား ၂၀၂၂ ခုနှစ်၊ ယနေ့ နံနက်ပိုင်းက ရန်ကုန်မြို့မှ နေပြည်တော်သို့ လက်ဆင့်ကမ်းသယ်ယူခြင်း၊ မော်တော်ယာဉ်၊ လေယာဉ်တို့ဖြင့် သယ်ဆောင် ခြင်းတို့ကို စနစ်တကျဖြင့် စီစဉ်စုဖွဲ့၍ ကျင်းပသည်။