စစ်တွေ ဖေဖော်ဝါရီ ၈
ရခိုင်ပြည်နယ်၊ စစ်တွေမြို့၌ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် အခြေခံပညာ အထက်တန်းအဆင့် ကျောင်းပေါင်းစုံ စာစီစာကုံးပြိုင်ပွဲနှင့် ဆောင်းပါးပြိုင်ပွဲကို ယမန်နေ့ နံနက်ပိုင်းက အမှတ်(၄)အခြေခံပညာ အထက်တန်းကျောင်း ခန်းမ၌ ကျင်းပသည်။
အဆိုပါပြိုင်ပွဲကျင်းပရခြင်းသည် ကျောင်းသားလူငယ်လေးများ အသိပညာဗဟုသုတ တိုးပွားလာစေရန်နှင့် ဉာဏစွမ်းရည်များ တိုးတက်လာပြီး ပြည်ထောင်စုစိတ်ဓာတ် ရှင်သန်လာရေးကို ရည်ရွယ်၍ကျင်းပရခြင်းဖြစ်ပြီး ယမန်နေ့ (၇.၂.၂၀၂၂)နေ့တွင် အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲကို "မျိုးရိုးစဉ်လာဂုဏ်ရှိန်ဝါ စိန်ရတုပြည်ထောင်စု စိတ်ဓာတ်ဖြင့် ထိန်းသိမ်းပါ "ခေါင်းစဉ်ဖြင့် ကျောင်းသား၊ ကျောင်းသူ(၁၇)ဦးက၄င်း၊ ဆောင်းပါးပြိုင်ပွဲကို 'ပြည်ထောင်စုစိတ်ဓာတ်ရှင်သန်ရေး တိုင်းရင်းသားအားလုံး ဖော်ဆောင်ပေး ခေါင်းစဉ်ဖြင့် ကျောင်းသား၊ ကျောင်းသူ (၃ )ဦးတို့က ၎င်းပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။
ဆက်လက်ပြီး ပန်းချီ၊ကဗျာနှင့် ကျပန်းစကားပြိုင်ပွဲများကို ဖေဖော်ဝါရီလ(၈)ရက် (၉)ရက်နေ့များအထိ ဆက်လက်ကျင်းပ သွားမည်ဖြစ်ပြီး ပြိုင်ပွဲတွင် ဆုရကျောင်းသား၊ ကျောင်းသူများကို ဖေဖော်ဝါရီလ(၁၂)ရက်နေ့ စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနား တွင် ဆုချီးမြှင့်ပေး သွားမည်ဖြစ်ကြောင်း သိရသည်။
ဇူလိုင်ကြယ်