အမြို့မြို့အနယ်နယ်သတင်းများ

Feb 08,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် လယ်ဝေးမြို့နယ်အတွင်းရှိ အခြေခံပညာအလယ်တန်း၊ အထက်တန်းကျောင်းတို့တွင် ပညာသင်ယူလျက်ရှိသော အသက်(၁၂)နှစ်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှုမှကြိုတင်ကာကွယ်နိုင်ရန်အတွက် ဒုတိယ အကြိမ်အဖြစ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(Sinovac)ကို ယမန်နေ့နံနက်(၉)နာရီက လယ်ဝေးမြို့ သီရိရတနာခန်းမတွင် ဆက်လက်ထိုးနှံပေးလျက်ရှိရာ ကျောင်းသား၊ကျောင်းသူ (၁၈၈၅၉)ဦးအား ကာကွယ်ဆေးထိုးနှံပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။
Feb 08,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ် မူလတန်းအဆင့် ကဗျာရွတ်ဆို၊ ပုံပြင်ပြောပြိုင်ပွဲကို ယမန်နေ့ နံနက် ၉ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်သည်။
Feb 08,2022
ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Covid Shield နှစ်ကြိမ်ထိုးနှံထားပြီးသော ဌာနဆိုင်ရာ ဝန်ထမ်းများအား ထပ်ဆောင်းကာကွယ်ဆေး Booster Dose ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီမှ ညနေ ၃ နာရီထိ မြို့နယ်ပြည်သူ့ ဆေးရုံတွင် စတင်ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
Feb 08,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ်အတွင်းရှိ ကျောင်းသား/သူလေးများအား ကျန်းမာကြံ့ခိုင်သည့် လူ့စွမ်းအား အရင်းအမြစ်များအဖြစ် ပေါ်ထွန်းလာစေရန်နှင့် အားကစားလှုပ်ရှားမှု ပြုလုပ်ခြင်းမှ ရရှိနိုင်သည့် ကျန်းမာရေးအကျိုးကျေးဇူးများအကြောင်းကို ကျယ်ကျယ်ပြန့်ပြန့် သိရှိပြီး အားလပ်ချိန်များတွင် အားကစား လှုပ်ရှားမှု တစ်ခုခုကို ပြုလုပ်လာနိုင်စေရန် ရည်ရွယ်၍ ယမန်နေ့ မွန်းလွဲပိုင်းအချိန်က မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် မြို့နယ်ပညာရေးဌာနတို့ ပူးပေါင်းပြီး တာမွေမြို့နယ်ရှိ အမှတ်(၃) အခြေခံပညာ အထက်တန်း ကျောင်းတွင် အားကစားဆိုင်ရာ အသိပညာပေး ဟောပြောပွဲ၊ သရုပ်ပြပွဲနှင့် အားကစားပစ္စည်းများ ပေးအပ် လှူဒါန်းပွဲ အခမ်းအနားကို ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါ ကြိုတင် ကာကွယ်ရေး လမ်းညွှန်ချက် များနှင့်အညီ ကျင်းပပြုလုပ်ခဲ့သည်။
Feb 08,2022
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်နှင့် အိမ်ထောင်စု ဦးရေစာရင်းများကို ယမန်နေ့နံနက် (၉)နာရီအချိန်ကစတင်၍ အမှတ်(၁၁)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံ၌ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Feb 08,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်တွင် ၂၀၂၂ခုနှစ်၊ (၇၅)နှစ်မြောက်စိန်ရတု ရှမ်းပြည်နယ်နေ့ အခမ်းအနားကို ယမန်နေ့နံနက် ၇ နာရီက ဇော်ဂျီရပ်ကွက်အတွင်းရှိ ရဿဝတီ ခန်းမ၌ ကျင်းပသည်။
Feb 08,2022
၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ(၇)ရက်နေ့တွင် ကျရောက်သည့် (၇၅)နှစ်မြောက် စိန်ရတုရှမ်းပြည် နယ်နေ့ အခမ်းအနားကို ယမန်နေ့ နံနက်(၈)နာရီက ညောင်ရွှေမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာ န ခန်းမ၌ ပြုလုပ်ခဲ့သည်။
Feb 08,2022
သံတွဲမြို့၌ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး Booster Does ထိုးနှံခြင်းကို ယမန်နေ့ နံနက် ၉နာရီမှ စတင်၍ ဒွါရာဝတီမြို့နယ်ခန်းမ၌ ဆက်လက်ထိုးပေးလျက် ရှိကြောင်း သိရသည်။