ကန့်ဘလူ ဖေဖော်ဝါရီ ၈
၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့တွင် ကျောင်းပေါင်းစုံ အထက်တန်းဆင့် စာစီစာကုံး၊ ဆောင်းပါး ပြိုင်ပွဲကို ယမန်နေ့ နံနက် ၉ နာရီက ကန့်ဘလူမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။
ပြိုင်ပွဲတွင် ကန့်ဘလူမြို့ပေါ်ရှိ အထက(၁)၊ အထက(၂)နှင့် အထက(ခွဲ) ညောင်အိုင်ကျောင်းများမှ အထက်းတန်းဆင့် ကျောင်းသား၊ ကျောင်းသူများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး အထက်တန်းဆင့် စာစီစာကုံးပြိုင်ပွဲတွင် “မျိုးရိုးအစဉ်အလာ ဂုဏ်ရှိန်ဝါ စိန်ရတုပြည်ထောင်စု စိတ်ဓာတ်ဖြင့် ထိန်းသိမ်းပါ” ခေါင်းစဉ်ဖြင့် ကျောင်းသား၊ ကျောင်းသူ ၇၉ ဦး၊ ဆောင်းပါး ပြိုင်ပွဲတွင် “ပြည်ထောင်စုစိတ်ဓာတ်ရှင်သန်ရေး တိုင်းရင်းသားအားလုံး ဖော်ဆောင်ပေး” ခေါင်းစဉ်ဖြင့် ကျောင်းသား၊ ကျောင်းသူ ၁၁ ဦး စုစုပေါင်း ၉၀ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ ကြောင်းနှင့် ကဗျာပြိုင်ပွဲကိုမူ ဖေဖော်ဝါရီ ၈ ရက်နေ့တွင် ဆက်လက်ကျင်းပ ပြုလုပ်မည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူး ဦးမျိုးဝင်းကပြောသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)