ဘားအံ ဖေဖော်ဝါရီ ၈
ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ကျောင်းသားလူငယ်များ ပြည်ထောင်စုနေ့ ဦးတည်ချက်များ၊ ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာပုံနှင့် အနှစ်သာရတို့သိရှိ ထိန်းသိမ်းတက်စေရန် ရည်ရွယ်၍ ၂၀၂၂ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂)ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အခြေခံပညာ အလယ်တန်းအဆင့် ကျောင်းပေါင်းစုံ စာစီစာကုံးပြိုင်ပွဲကို ယမန်နေ့ နံနက် ၉ အချိန်က ဘားအံခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre)တွင်ကျင်းပ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ဘားအံခရိုင် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စိုးစိုးအေးက ပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်း ပြောကြားသည်။
ထို့နောက်(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ စာစီစာကုံးပြိုင်ပွဲတွင် အခြေခံပညာကျောင်း (၁၁)ကျောင်း မှ ကျောင်းသား ကျောင်းသူ (၃၃)ဦးက “ညီနောင်တစ်စု ပြည်ထောင်စု”ခေါင်းစဉ်ဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး အဆိုပါ ပြိုင်ပွဲတွင် ဆုရရှိသူများအား ပထမဆု၊ ဒုတိယဆု၊ တတိယဆုနှင့် အထူးဆုများပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါပြိုင်ပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ပြည်နယ်ရုံးမှ ညွှန်ကြားရေးမှူး၊ ခရိုင်ရုံးမှ လက်ထောက် ညွှန်ကြားရေးမှူးနှင့် ကရင်ပြည်နယ်စာကြည့်တိုက် ဖောင်ဒေးရှင်းဥက္ကဋ္ဌ တို့က ကြည့်ရှုအားပေး ခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)