ကျိုက်ဒုံမြို့၌ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ်(အကြို) ကဗျာရွတ်ဆို ပြိုင်ပွဲကျင်းပ

ကျိုက်ဒုံ   ဖေဖော်ဝါရီ   ၈

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကျိုက်ဒုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့ မွန်းလွဲ ၁ နာရီက (၇၅)နှစ် မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို ကဗျာရွတ်ဆိုပြိုင်ပွဲ ကျင်းပသည်။

ရှေ့ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဦးကျော်လင်းနိုင်မှ ပြိုင်ပွဲ ကျင်းပရသည့် ရည်ရွယ်ချက် ရှင်းလင်းပြောကြား ပြီး (အ.ထ.က)ကျိုက်ဒုံမှ မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူ(၁၂)ဦးမှ  ပြည်ထောင်စုနေ့နှင့် ပတ်သက်သည့် ကဗျာများဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ပထမ၊ ဒုတိယ၊ တတိယ ဆုများရရှိခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများကို ကျောင်းသုံးဗလာစာအုပ်များ ပေးအပ်ချီး မြှင့်ပေးခဲ့ကြောင်းသိရသည်။

သန်းထွန်းနိုင်(ကျိုက်ဒုံ)ပြန်/ဆက်