မင်းတုန်း ဖေဖော်ဝါရီ ၈
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်၊ စပါးတန်းကျေးရွာအုပ်စု၊ ကွင်းကြီး(တ) ကျေးရွာတွင် တင်ဒါအောင်ကုမ္ပဏီမှ တာဝန်ယူ တူးဖော်နေသည့် တစ်ဖက်ပိတ်မြေသားမိုးရေ လှောင်ကန်တူးဖော်နေမှုကို ယမန်နေ့ ညနေ ၂ နာရီ ၃၀ မိနစ်တွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မင်းက ကွင်းဆင်းကြည့်ရှုခဲ့သည်။
ထို့နောက် ကွင်းကြီး(တ) ကျေးရွာမြေသားမိုးရေလှောင်ကန် ဖြစ်မြောက်ရေးကော်မတီဝင်များ၊ ရပ်မိရပ်ဖများ၊ ကုမ္ပဏီတာဝန်ရှိသူတို့နှင့် တွေ့ဆုံပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်းသိရသည်။
မြို့နယ် (ပြန်/ဆက်)